၁၅ ဇွန် ၂၀၂၁(ရိုက်တာသတင်း)

တရုတ်နိုင်ငံ ဘိုက်ဒန့်စ် ByteDanceကပိုင်တဲ့  TikTok အက်ပလီကေးရှင်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒေါ်လာ ဘီလျံချီပြီးရင်းနှီးမြှပ်နှံမှုတွေလုပ်သွားဖို့ရှိဟု ပြော

အ‌ရှေ့တောင်အာရှဟာ လူဦးရေ သန်း၆၃၀ရှိပြီး အဲဒီထဲက တစ်ဝက်ဟာ အသက်၃၀အောက်တွေဖြစ်ပြီး အဲဒီအသက် အပိုင်းအခြားဟာ TikTok ရဲ့ အကြီးမားဆုံးဈေးကွက်တွေဖြစ်နေ

အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ  လာမယ့်နှစ်များအတွင်း ဒေါ်လာဘီလျံချီရင်းနှီးမြှပ်နှံသွားမယ်လို့ TikTok စီအီးအို ဆိုကျီးချူးကပြောကြား

သူကအသေးစိတ်အစီအစဉ်မပြောသော်လည်း လေ့ကျင့်သင်တန်းများ၊ကြော်ငြာလုပ်ငန်းများနှင့် သူ့ရဲ့ e-commerce  ပလက်ဖောင်းဖြစ်တဲ့ TikTok Shop ကိုပူးပေါင်းလုပ်ချင်ကြတဲ့ အရောင်းဆိုင်သေးကလေးတွေကိုကူညီတာတွေ လုပ်ပေးမယ်လို့ပြော

TikTok ပလက်ဖောင်းဟာ ယခုအခါပိုပြီး မျိုးစုံလာပြီး အသုံးပြုသူတွေဟာ ကြော်ငြာကနေ e-commerce အီလက်ထရွန်း နစ်ကူးသန်းရောင်းဝယ်ရေးအထိ ချဲ့ထွင်လာပြီလို့ သူကပြော

အသုံးပြုသူတွေဟာ livestreaming လုပ်နေစဉ်အတွင်း အက်ပလီကေးရှင်းပေါ်က လင့်ခ် links ကတစ်ဆင့် ကုန်စည်တွေကို ဝယ်ယူနိုင်လာကြလို့သူကဆက်ပြော

TikTok ဟာ အရှေ့တောင်အာရှမှာ ဝန်ထမ်း ၈၀၀၀ရှိပါတယ်။ အင်ဒိုနီးရှားမှာ သူ့ပလက်ထောင်ပေါ်က ပစ္စည်းတွေ ရောင်းပေးတဲ့ အရောင်းဆိုင်ကလေးတွေ နှစ်သန်းခန့်ရှိ

TikTokဟာ မနှစ်က အရှေ့တောင်အာရှမှာ အရောင်းအဝယ်လုပ်တဲ့တန်ဖိုး ဒေါ်လာ ၄.၄ ဘီလျံအထိရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ်တုန်းက ဒေါ်လာသန်း၆၀၀ပဲရှိရာကနေမြင့်တက်လာတာဖြစ်

#TiikTok

#South_East_Asia_Tiktok

#TikTokအရှေ့တောင်အာရှတွင်ရင်းနှီးမြှပ်နှံမည်