#World_Health
Published_13 June 2023

ယောက်ျားလေးတွေမှာ ကျားဟော်မုန်းတက်စ်တိုစတီရုန်းကျဆင်းရတာဟာ ညစ်ညမ်းပုံတွေ အကြည့်များတာကြောင့် ဖြစ်ပုံရပါတယ်။

ကျားဟော်မုန်းဟာ မျက်နှာနဲ့ရင်ဘတ်အမွှေး ဖွံ့ဖြိုးခြင်း၊ ကြွက်သားထုထည်တိုးများခြင်း၊ အရိုးသိပ်သည်းခြင်း၊ သုတ်ပိုးထုတ်လုပ်ခြင်း၊ လိင်စိတ်ဆန္ဒဖြစ်ခြင်းတို့အတွက် အရေးကြီးပါတယ်။

အမျိုးသား ၂ ရာခိုင်နှုန်းလောက်မှာ တက်စ်တိုစတီရုန်းလျော့နည်းခြင်းဖြစ်ပေါ်နေပြီး စိတ်ဓာတ်ကျခြင်း၊ အမွှေးအမျှင်လျော့နည်းခြင်း၊ လိင်ဆန္ဒကျဆင်းခြင်း၊ မျိုးပွားပြဿနာ၊ သုတ်ပိုးအရေအတွက်နည်းပါးခြင်းတို့ စတဲ့လက္ခဏာအမျိုးမျိုး ပေါ်ပေါက်တတ်ပါတယ်။

The Sun မှာဖော်ပြတဲ့အချက်အလက်အရ လူငယ်တွေမှာ တက်စ်တိုစတီရုန်းပမာဏလျော့နည်းရခြင်းက ညစ်ညမ်းကားများအလွန်အကျွံကြည့်ခြင်း ဒါမှမဟုတ် ဂိမ်းအလွန်အကျွံဆော့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယိုဂိမ်းကစားတဲ့ အမျိုးသားတွေမှာ ဒိုပါမင်ဟော်မုန်းထွက်ရှိပြီး ထိုဟော်မုန်းက လိင်ကိစ္စပြီးမြောက်ချိန်မှာထွက်တဲ့ ကျေနပ်မှုဟော်မုန်းဖြစ်ကာ ဒါကြောင့်ပဲ စိတ်ဆန္ဒလျော့နည်းသွားစေနိုင်တာ ဖြစ်ပါတယ်။

ဗီဒီယိုဂိမ်းကစားခြင်းက ပျော်စရာကောင်းပေမယ့် ဖိစီးမှုလည်းဖြစ်ပေါ်နိုင်ကာ ပရိုလက်တင်ဟော်မုန်းမြင့်တက်လာပြီး တက်စ်တိုစတီရုန်း လျော့နည်းသွားနိုင်ပါတယ်။

ပရိုလက်တင်ပမာဏများပြားခြင်းက အမျိုးသားတွေမှာ မြုံခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

အားလုံးကသဘောတူညီတာမျိုး မရှိသေးပေမယ့် ညစ်ညမ်းပုံတွေ အကြည့်များခြင်းဖြင့် လိင်စိတ်ဆန္ဒလျော့နည်းစေနိုင်ပါတယ်။

ညစ်ညမ်းကားများကြည့်ခြင်းက တက်စ်တိုစတီရုန်းမလျော့ကျစေနိုင်ပေမယ့် လိင်စိတ်ဆန္ဒကိုထုံထိုင်းသွားစေနိုင်တယ်လို့ ပညာရှင်အချို့က တွေ့ရှိထားပါတယ်။

ညစ်ညမ်းပုံတွေစွဲလမ်းခြင်းက လိင်လှုံ့ဆော်မှုရရှိဖို့ခက်ခဲကာ ကြာရှည်ထောင်မတ်နိုင်ဖို့ ခက်ခဲသွားကြောင်း ဒေါက်တာ'ရော့ဝစ်'က ပြောပြသွားပါတယ်။

ဒါ့အပြင် ညစ်ညမ်းပုံကြည့်ခြင်းနဲ့ ဗီဒီယိုဂိမ်းကစားခြင်းတို့က အိပ်စက်မှုပုံစံကိုပျက်စီးစေကာ တက်စ်တိုစတီရုန်းလျော့ကျစေနိုင်ပါတယ်။

ပေါင်မုန့်၊ နို့ထွက်ပစ္စည်းများ၊ အချိုဓာတ်စားစရာများကလည်း တက်စ်တိုစတီရုန်းကိုထိခိုက်စေကာ အပြင်စာအစားများခြင်းကလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ထိခိုက်စေပါတယ်။

လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဝိတ်မခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ ဗိုက်တာမင်ဒီဖြည့်စွက်ခြင်း၊ ကောင်းစွာအိပ်စက်ခြင်း၊ အရက်သေစာရှောင်ရှားခြင်း၊ အဆီ ပရိုတိန်း ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာ စားသုံးခြင်းတို့ဖြင့် တက်စ်တိုစတီရုန်းကို များပြားစေနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health #ညစ်ညမ်းပုံတွေအကြည့်များခြင်း #ကျားဟော်မုန်းကိုလျော့ကျစေသလား
#YMG #Yangon_Media_Group