#World_Health
Published 1 June 2023

သွေးထဲမှ အဆိပ်အတောက်များကို ဖယ်ရှားမယ့် အာဟာရဓာတ်များကို စီမံဆောင်ရွက်ပေးတဲ့ ခန္ဓာကိုယ်ထဲက အဓိကအင်္ဂါတွေထဲမှာ အသည်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲက ဒုတိယအကြီးဆုံးအင်္ဂါဖြစ်တဲ့ အသည်းဟာ သည်းခြေရည်ကိုထုတ်လုပ်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ခန္ဓာကိုယ်ထဲမှာ ကျန်းမာစွာသွေးစီးဆင်းနိုင်အောင် ထိန်းသိမ်းပေးပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုနဲ့ စိတ်ဖိစီးမှုတို့ဟာ အသည်းရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းဖြစ်ပြီး အန္တရာယ်ရှိအရာတွေကို သွေးကနေစစ်ထုတ်ဖို့ ခက်ခဲလာပါတယ်။

သင့်တင့်မှန်ကန်တဲ့ အစားအစာများစားခြင်းဖြင့် အသည်းကိုရေရှည်မှာ ကျန်းမာစေပြီး ဆီးချိုလိုမျိုး ရောဂါများကင်းဝေးစေပါတယ်။

- အသီးအနှံနှင့်ဟင်းသီးဟင်းရွက်
ဘယ်ရီ၊ ရှောက်သီး၊ အစိမ်းရောင်ဟင်းရွက်များ၊ ဂေါ်ဖီမျိုးနွယ်တို့ဟာ ဒီအတွက်သင့်တော်ကြပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ အသည်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

- အစေ့အဆန်များ
အစေ့အဆန်တွေက အမျှင်ဓာတ်ပေါကြွယ်ဝပြီး အစာချေခြင်းကို ကူညီပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားအာဟာရဓာတ်များက အသည်းကိုအကျိုးဖြစ်စေကာ သွေးထဲမှ အညစ်အကြေးပစ္စည်းများ စွန့်ထုတ်ပေးပါတယ်။

- ကယ်လိုရီနည်းသောပရိုတိန်း
ကြက်သား၊ ငါး၊ ပဲကြီးတို့မှာပါတဲ့ အဆိုပါကယ်လိုရီမျိုးက အသည်းကို ပုံမှန်လုပ်ဆောင်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို ကျန်းမာအောင် ထိန်းသိမ်းပေးပါတယ်။

- ကျန်းမာရေးနှင့်ညီညွတ်သောအဆီ
ဒီလိုဆီမျိုးက ​အသည်းအတွက်သာမက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
ခွန်အားပြည့်ဝစေပြီး အချိန်ကြာရှည်စွာ ပြည့်ဝနေစေတာကြောင့် အလွန်အကျွံစားသုံးခြင်းကို ကာကွယ်ပေးပါတယ်။

- ရေ
ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သလို အသည်းလုပ်ဆောင်ချက်ကို ပုံမှန်ထိန်းသိမ်းပေးကာ အသည်းမှ အဆိပ်အတောက်တွေစစ်ထုတ်ခြင်းကို ကူညီပေးပါတယ်။

- လက်ဖက်စိမ်း
လက်ဖက်စိမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်ကာ အသည်းထိခိုက်ခြင်းကိုကာကွယ်ပေးပြီး ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်းများပါဝင်ပါတယ်။

- ကော်ဖီ
ကော်ဖီမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ကာ အသည်းအဆီဖုံးရောဂါရှင်တွေမှာ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။

- ဂရိတ်ဖရု
သူ့မှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝကာ အသည်းအဆီဖုံးရောဂါရှင်တွေမှာ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။

- သံလွင်ဆီ
အသည်းထိခိုက်ခြင်းကို ကာကွယ်ပေးတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီပါဝင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးတဲ့ ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။

- မြေပဲ
မြေပဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ကာ အသည်းထိခိုက်ခြင်းကို ကာကွယ်ပေးပြီး အသည်းလုပ်ဆောင်ချက် မြှင့်တင်ပေးပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် လှုပ်ရှားလေ့ကျင့်ခန်းများနဲ့ ဆေးနည်းများကလည်း အသည်းအဆီဖုံးခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။
Source: India Today
#World_Health #အသည်းကျန်းမာရေး #အစားအစာ(၁၀)မျိုး
#YMG #Yangon_Media_Group