#World_Science
Published_ 21 May 2023

ဂျူပီတာရဲ့လဖြစ်တဲ့ အိုင်အိုဟာ နေအဖွဲ့အစည်းထဲမှာ မီးတောင်အလှုပ်ရှားဆုံးအရာတစ်ခုဖြစ်နေပေမယ့် အသစ်တွေ့ရှိထားတဲ့ဂြိုဟ်တစ်ခုဟာလည်း သူနဲ့အပြိုင်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာမြေလိုမျိုးဂြိုဟ်တစ်ခုကို နေအဖွဲ့အစည်းအပြင်ဘက်မှာ ပထမဆုံးတွေ့ရှိတာကြောင့် စကြဝဠာအပြင်ဘက်မှာလည်း မီးတော်ပေါက်ကွဲခြင်း အကောင်းဆုံးအထောက်အထားတွေ ဖော်ပြနေပါတယ်။

ထိုဂြိုဟ်ဟာ တောင်ဘက်ကြယ်စင်စုမှာ အလင်းနှစ် ၉၀ ခန့်အကွာကနေ အနီရောင်ဂြိုဟ်သိမ်လေးတစ်ခုကို လှည့်ပတ်နေကာ ကမ္ဘာမြေထက် အနည်းငယ်သာပိုကြီးမားပါတယ်။

သုတေသနအဖွဲ့ ထင်သလိုမျိုး ထိုဂြိုဟ်ဟာ ဘူမိဗေဒနည်းအရ လှုပ်ရှားနေပါက လေထုထိန်းသိမ်းတည်ရှိနိုင်ပါတယ်။

နာဆာ(NASA)ကနေ LP 791-18 d လို့ ထိုဂြိုဟ်ကိုအမည်ပေးထားကာ အိုင်အိုလိုမျိုး မီးတောင်ပေါက်ကွဲမှုတွေရှိနေနိုင်ပါတယ်။

ဒီကြယ်ကိုလှည့်ပတ်နေတဲ့ တတိယမြောက်တွေ့ရှိချက်ဖြစ်ကာ မီးတောင်တွေပြည့်နှက်နေနိုင်တယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။

မီးတောင်လှုပ်ရှားမှုကို တိုက်ရိုက်လေ့လာတာမဟုတ်ပေမယ့် ကြယ်မှိန်ကိုလှည့်ပတ်နေတဲ့ အခြားဂြိုဟ်ကြီး ၂ ခုမှ အပြန်အလှန်ဆွဲငင်သက်ရောက်မှုရှိနေတယ်လို့ ကောက်ချက်ချရပါတယ်။

နေ့ဘက်ခြမ်းမှာ ပူလွန်းတဲ့အတွက် မျက်နှာပြင်ပေါ်မှာ ရေတည်ရှိနိုင်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ဂြိုဟ်တစ်ခုလုံးမှာ မီးတောင်လှုပ်ရှားမှုပမာဏကြောင့် လေထုတည်ရှိနေနိုင်ပြီး ညဘက်ခြမ်းမှာ ရေသိပ်သည်းလာနိုင်ပါတယ်။

ဒီဂြိုဟ်ဟာ Crater ကြယ်စင်စုဘက်ဆီသို့ဦးတည်ကာ နေစကြဝဠာအဖွဲ့အစည်းမှ အလင်းနှစ် ၈၆ နှစ်အကွာမှာရှိတဲ့ နဂါးငွေ့တန်းဂလက်ဆီမှာ တည်ရှိနေနိုင်ပါတယ်။

သူ့ရဲ့မျက်နှာပြင်အပူချိန်က ကမ္ဘာမြေထက် အနည်းငယ်ပိုနွေးနိုင်ပါတယ်။

နက္ခတ္တဗေဒပညာရှင်တွေက ဒီမတိုင်ခင်မှာ နေအဖွဲ့အစည်းအတွင်း အခြားကမ္ဘာ ၂ ခုကိုလည်းသိရှိထားပြီးဖြစ်ပြီး ကမ္ဘာအရွယ်အစားထက် ၂.၅ ဆပိုကြီးမားကာ ၇ ဆပိုမိုလေးလံပါတယ်။
Source: India Today
#World_Science #ကမ္ဘာမြေနှင့်ဆင်တူ #ပေါက်ကွဲမီးတောင်များဖြင့်ဖုံးလွှမ်းနေသည့်ဂြိုဟ်တစ်
#YMG #Yangon_Media_Group