#Asia_Health
Published_ 19 May 2023

သကြားအစားထိုးအမှုန့်တွေက လူကြီးတွေနဲ့ကလေးတွေမှာ ကိုယ်အလေးချိန်၊ အဆီတို့ကို မကျစေတဲ့အပြင် နာတာရှည်ရောဂါဖြစ်နိုင်ချေကိုလည်း မလျှော့ချနိုင်သလို ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။

သကြားကိုလည်း ရှောင်ရှားသင့်သလို သကြားအစားထိုးအမှုန့်(NSS)အသုံးပြုတဲ့အခါ ဆီးချိုဒုတိယအမျိုးအစား၊ နှလုံးသွေးကြောရောဂါနဲ့ သေဆုံးနိုင်ချေတို့မြင့်မားစေကြောင်း လမ်းညွှန်ထားပါတယ်။

NSS တွေက လိုအပ်တဲ့အစားအစာမျိုးမဟုတ်သလို အာဟာရတန်ဖိုးမရှိကြောင်း၊ အချိုများတဲ့အစားအစာတွေကို အစကတည်းက လျှော့ချစားသုံးသင့်ကြောင်း WHO အာဟာရနှင့်အစားအစာဘေးကင်းရေး ညွှန်ကြားရေးမှူး'ဖရန်ဆက်စ်ကိုဘရန်ကာ'က ပြောကြားခဲ့ပါတယ်။

သကြားအစားထိုးပစ္စည်းများ အစားများခြင်းဖြင့် အဝလွန်ခြင်းနဲ့ဆက်စပ်နေပြီး ကမ္ဘာတဝှမ်းရှိ ကလေးလူကြီး ၄၀ ရာခိုင်နှုန်းနီးပါးကိုသက်ရောက်နေကာ နာတာရှည်ရောဂါများလည်း ဖြစ်နိုင်ချေများကြောင်း WHO ကဆိုပါတယ်။

WHO ရဲ့အကြံပြုချက်တွေက မူလကတည်းက ဆီးချိုဖြစ်ချင်နေတဲ့သူတွေကလွဲပြီး လူအားလုံးပါဝင်ကာ ထုပ်ပိုးရောင်းချတဲ့အစားအသောက်တွေမှာ ပါဝင်တဲ့ သကြားအစားထိုးပစ္စည်းများနဲ့ သဘာဝအတိုင်းရရှိတဲ့ အချိုဓာတ်အားလုံးပါဝင်ပါတယ်။

ဆီးချိုအစပျိုးနေတဲ့သူတွေအတွက်တော့ ဒီလမ်းညွှန်ချက်ထက် များစွာပိုပြီးထိန်းသိမ်းရမှာဖြစ်ပါတယ်။

ဒီဖော်ပြချက်မှာ NSS ပါဝင်တဲ့ သွားတိုက်ဆေး၊ အသားအရည်ထိန်းခရင်မ်၊ ဆေးဝါးတို့လို တစ်ကိုယ်ရည်သုံးနဲ့ သန့်ရှင်းရေးပစ္စည်းတွေတော့ မပါဝင်ဘဲ သကြားဆင်းသက်ပစ္စည်းတွေကိုတော့ NSS လို့မသတ်မှတ်ပါဘူး။

ဒီအကြံပြုချက်ဟာ တသက်တာလုံး ကျန်းမာတဲ့စားသောက်မှုအလေ့အထများ ချမှတ်ရန်၊ အစားအသောက်အရည်အသွေးမြှင့်တင်ရန်နဲ့ ကမ္ဘာတဝှမ်းရောဂါဖြစ်နိုင်ချေလျှော့ချရန်ရည်ရွယ်တဲ့ လမ်းညွှန်ချက်စုစည်းမှုတစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း WHO က ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#Asia_Health #သကြားအစားထိုးအမှုန့်များ #ကိုယ်အလေးချိန်လျှော့ချ #WHOဆို
#YMG #Yangon_Media_Group