#World_Climate
Published 3 May 2023


ကမ္ဘာ့နိုင်ငံတိုင်းနီးပါးမှာ ရာသီဥတုဖောက်ပြန်မှုများဖြစ်နေပြီး ကမ္ဘာပေါ်မှာ အပူလှိုင်းအန္တရာယ်အခံရနိုင်ဆုံး ဒေသများကို သုတေသီများက ဖော်ထုတ်လိုက်ပါတယ်။

 

ထိုဒေသတွေက ပြင်ဆင်မှုနည်းပါးခြင်းနဲ့ ရာသီဥတုခံနိုင်ရည်နည်းပါးခြင်းတို့ကြောင့် အပူချိန်ကိုဆိုးဆိုးရွားရွားခံစားရနိုင်ချေ ရှိနေပါတယ်။

 

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုရုတ်တရက်ပြောင်းလဲခြင်းတို့ကြောင့် အာဖဂန်နစ္စတန်၊ ပါပူဝါနယူးဂီနီ၊ အလယ်ပိုင်းအမေရိကတို့ဟာ အပူချိန်မြင့်တက်လာနိုင်တဲ့ အန္တရာယ်အရှိဆုံးနိုင်ငံတွေဖြစ်ပါတယ်။

 

လူဦးရေတိုးပွားလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စွမ်းအင်ပံ့ပိုးမှုကန့်သတ်ချက်များကို သုတေသီများက ထိုပြဿနာအကြောင်းအရင်းအဖြစ် သတ်မှတ်လိုက်ကြပါတယ်။

 

ဒေသနေရာ ၃၁ ရာခိုင်နှုန်းမှာ နေ့စဉ်အမြင့်ဆုံးအပူချိန်စံချိန်ဟာ ထူးခြားနေတယ်လို့ Nature Communications ဂျာနယ်မှာ မီးမောင်းထိုးပြခဲ့ပါတယ်။

 

"အပူလှိုင်းများမကြာခဏ ဖြတ်သန်းနေတာကြောင့် ပိုပြီးပြင်ဆင်ထားသင့်ပါတယ်။ လူဦးရေတိုးလာတဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် အတော်ကိုပူပြင်းနေကြပါတယ်" လို့ ဘရစ္စတိုလ်တက္ကသိုလ်မှ ဒေါက်တာ'ဗစ်ကီသွမ်ဆင်'က ဖော်ပြခဲ့ပါတယ်။

 

ပေကျင်းနဲ့ ဥရောပအလယ်ပိုင်းတို့ဟာလည်း ဒီစာရင်းထဲပါဝင်နေပြီး လူသန်းပေါင်းများစွာထိခိုက်စေနိုင်ပါတယ်။

 

တရုတ်နဲ့ဥရောပ နေရာအချို့မှာ မြစ်ချောင်းများခန်းခြောက်ကာ လူအများ ရေခွဲတမ်းရရှိမှုနည်းပါးလာပါတယ်။

 

သုတေသီတွေက ရာသီဥတုပုံစံများနဲ့ လေ့လာတွေ့ရှိချက်များမှ ဒေတာများကိုတွဲဖက်များကိုအသုံးပြုကာ ကမ္ဘာတဝှမ်းရှိ အပူချိန်မှတ်တမ်းများကို အမြန်ဆုံးချိုးဖျက်နိုင်ချေရှိပြီး လူတွေအပူဒဏ်အများဆုံးခံရနိုင်တဲ့ အကြီးမားဆုံးအန္တရာယ်ကို ဖော်ထုတ်ခဲ့ကြပါတယ်။

 

ပြင်ဆင်ခြင်းဖြင့် အသက်တွေကိုကယ်ဆယ်နိုင်မှာဖြစ်ပြီး အပူဒဏ်ကြောင့် သေဆုံးသူသောင်းချီရှိခဲ့တာကို မြင်တွေ့ထားရကြောင်း၊ အစိုးရများအနေနဲ့ အသင့်ပြင်ဆင်ထားသင့်ကြောင်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

အပူလှိုင်းကြောင့် တောမီးလောင်မှုများ မကြာခဏဖြစ်ပွားရသလို အပူချိန်မြင့်တက်လာခြင်းကြောင့် ရေခဲပြင်များအပေါ် ဆိုးရွားစွာသက်ရောက်လာပြီး စံချိန်တင်အရည်ပျော်နေပါတယ်။


၂၀၂၃ ဒါမှမဟုတ် ၂၀၂၄ မှာ အယ်လ်နီညိုပြန်ဝင်လာတဲ့အခါ ပျမ်းမျှအပူချိန်စံချိန်ချိုးသွားနိုင်ကြောင်း သိပ္ပံပညာရှင်များ ထောက်ပြထားပါတယ်။

 

Source: India Today #World_Climate #အပူလှိုင်းဒဏ် #ကမ္ဘာ့နိုင်ငံများ
#YMG #Yangon_Media_Group