#World_Health
Published_ 2 May 2023

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ ယူကေနဲ့ အမေရိကန်တို့မှာ လည်ချောင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်လာပါတယ်။

ထိုနှစ်နိုင်ငံမှာ အရင်က သားအိမ်ခေါင်းကင်ဆာက အဖြစ်အများဆုံးကင်ဆာဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း လည်ချောင်းကင်ဆာ အဖြစ်များလာကြောင်း ပညာရှင်များက ပြောကြားလိုက်ပါတယ်။

ဒါဟာ သားအိမ်ခေါင်းကင်ဆာ အဓိကဖြစ်ပွားရခြင်း အကြောင်းအရင်းဖြစ်တဲ့ HPV ဗိုင်းရပ်စ်ကြောင့်လို့ ဘာမင်ဂမ်တက္ကသိုလ်မှ ဒေါက်တာ'ဟီရှမ်မဲဟန်နာ'က ဖော်ပြခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်က ရောဂါပိုးရှိသူအမျိုးသမီးနဲ့ ယောနိ၊ စအို၊ ပါးစပ်မှတဆင့် လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်လေ့ရှိပါတယ်။

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များလာတဲ့ လည်ချောင်းကင်ဆာဟာ အာသီးနဲ့ လည်ချောင်း အနောက်ဘက်တို့မှာ ကင်ဆာဖြစ်ပွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း အနောက်နိုင်ငံတွေမှာ လည်ချောင်းကင်ဆာအဖြစ်များလာပြီး ကပ်ရောဂါလို့တောင် သတ်မှတ်လာကြပါတယ်။

ဒီရောဂါဖြစ်ပွားရခြင်းမှာ HPV ကူးစက်မှုက အဓိကအန္တရာယ်ဖြစ်နေတယ်လို့ အရင်လေ့လာမှုတွေမှာလည်း တွေ့ရှိရပါတယ်။

"HPV က လိင်ကြောင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး လည်ချောင်းကင်ဆာအတွက် အဓိကဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့ လက်တွဲဖော်အရေအတွက်ကြောင့်ဖြစ်တယ်" လို့ ဖော်ပြခဲ့ပါတယ်။

ပါးစပ်ဖြင့် မဆက်ဆံတဲ့လူတွေထက်စာရင် လက်တွဲဖော် ၆ ယောက်နဲ့အထက်ကို ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့လူတွေဟာ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ၈.၅ ဆပိုများကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီကူးစက်မှုတွေက များသောအားဖြင့် အလိုလိုပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံရောဂါပိုးကျန်ရှိပြီး ကင်ဆာဖြစ်စေပါတယ်။

HPV ကာကွယ်ဆေးက ၈၀ ရာခိုင်နှုန်းထိရောက်မှုရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားမှာ ရရှိနိုင်ပါတယ်။
Source: India Today
#World_Health #ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း #ယူကေနှင့်အမေရိကန် #လည်ချောင်းကင်ဆာ #အဓိကအကြောင်းအရင်း
#YMG #Yangon_Media_Group