#World_Science
Published_ 1 May 2023

သိပ္ပံပညာရှင်တွေက အာကာသအတွင်းမှ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေဒီယိုအမြန်လှိုင်း(FRB) ၂၅ ခုကို တွေ့ရှိခဲ့ကြပါတယ်။

ဒီလှိုင်းတွေကို ၂၀၁၉ နဲ့ ၂၀၂၁ အတွင်း ကနေဒါဟိုက်ဒရိုဂျင် Intensity Mapping Experiment (CHIME)ရေဒီယိုတယ်လီစကုပ်ဖြင့် ဖမ်းယူရမိခဲ့တာဖြစ်ပါတယ်။

FRB ကို ဘယ်ကနေထုတ်လုပ်လဲဆိုတာ လက်ရှိမှာမသိရသေးပေမယ့် ဝေးလံတဲ့ဂလက်ဆီများရှိ ကြယ်များကြွေခြင်းမှ ထွက်လာတယ်လို့ ယူဆရပါတယ်။

ဒီဟာနဲ့ပတ်သက်ပြီး ထူးခြားတာက FRB တွေက အာကာသထဲမှ တစ်နေရာတည်းကနေ ထပ်ခါထပ်ခါထွက်လာတာဖြစ်ကြောင်း တိုရွန်တိုတက္ကသိုလ်နက္ခတ္တဗေဒပညာရှင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုအချိန်အထိ ထပ်ခါထပ်ခါမဟုတ်တဲ့ FRB အများအပြားကိုပိုတွေ့ရပေမယ့် ထပ်ခါထပ်ခါပေါ်ထွက်နေတဲ့ FRB တွေက သူတို့ဘယ်ကလာလဲဆိုတဲ့ အချက်အလက်တွေ ပိုမိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

နေရာတစ်ခုတည်းကနေ မတူညီတဲ့ပစ္စည်းများဖြင့် လှိုင်းများကို လေ့လာနိုင်မှာဖြစ်ပြီး မတူညီတဲ့အချက်အလက်တွေ စုဆောင်းစေနိုင်မှာဖြစ်ပါတယ်။

ယခုတွေ့ရှိမှုက အကြိမ်ကြိမ်ထွက်ပေါ်တဲ့ FRB အရေအတွက်ပေါင်း ၅၀ အထိ ရှိနေပါတယ်။

FRB တွေက ဂြိုဟ်များပေါက်ကွဲသေဆုံးရာကနေ ထွက်လာတဲ့ အကြွင်းအကျန်များကြောင့် ဖြစ်နိုင်ပါတယ်။

FRB တွေက အာကာသမှ ကျပန်းပေါ်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းများရဲ့ ရေဒီယိုလှိုင်းတွေက ထူးခြားတောက်ပတဲ့အလင်းရောင်တွေ ဖြစ်ပါတယ်။

FRB တစ်ခုထွက်တဲ့အခါ တစ်ကမ္ဘာလုံးက နှစ်စဉ်စွမ်းအင်သုံးစွဲမှုရဲ့ အဆပေါင်း ၁၀ ထရီလီယံ ပါဝင်နေပါတယ်။

ရေဒီယိုတယ်လီစကုပ်တွေက အလင်းနှစ် ၄ ဘီလီယံကျော်အကွာကနေ ထောက်လှမ်းနိုင်လောက်အောင် အလင်းရောင်က စွမ်းအားမြင့်လွန်းပါတယ်။

သူတို့ဟာ မီလီစက္ကန့်ကနေ စက္ကန့်အနည်းငယ်အတွင်း ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားနိုင်ပါတယ်။

၂၀၁၇ ခုနှစ် ဟားဗတ်စမစ်ဆိုနီယန်အာကာသရူပစင်တာမှ အဖွဲ့ကပြောကြားရာမှာ ဒီအလင်းတွေဟာ ဝေးကွာလှတဲ့ ဂြိုဟ်သားများထံမှ ကြယ်စူးစမ်းလေ့လာမှုများကို စွမ်းအားပေးတဲ့ထုတ်လွှတ်မှုကနေ ထွက်လာတာဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

FRB က ကောင်းကင်မှာ နောက်ထပ်ဘယ်အချိန်ပေါ်မလဲ မသိနိုင်တာကြောင့် လေ့လာဖို့ခက်ခဲပါတယ်။

သူတို့ရဲ့လေ့လာမှုတွေကနေ FRB ကို ဘယ်အရာကထုတ်လွှတ်လဲဆိုတာကို တိတိကျကျသိရှိဖို့ မျှော်လင့်နေကြပါတယ်။
Source: Daily Mail
#World_Science #အာကာသမှရေဒီယိုအမြန်လှိုင်းအသစ်(၂၅)ခု #နက္ခတ္တဗေဒပညာရှင်များ
#YMG #Yangon_Media_Group