Published 23 April 2023

စင်မြင့်ပေါ်တွင် အက်ဖရိုမန်းဟု လူသိများတဲ့ အမေရိကန်ရက်ပါအဆိုတော်  ဂျိုးဆက်အက်ဒ်ဂါဖိုမင်က ၂၀၂၄ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

“ သူသာ သမ္မတရွေးကောက်ပွဲနိုင်ခဲ့ရင် အမေရိကန်တစ်နိုင်ငံလုံးမည်သည့်နေရာမဆို ဆေးခြောက်သုံးစွဲမှုကို တရားဝင်ဖြစ် အောင်လုပ်ပေးမယ်” လို့ "Because I Got High" သီချင်းရဲ့အဆိုရှင် အက်ဖရိုမန်းက ကတိပေးလိုက်ပါတယ်။

သူဟာ အမေရိကန်သမ္မတအဖြစ်ဝင်ပြိုင်ဖို့လိုအပ်တဲ့ လျှောက်လွှာတွေကို ဖြည့်ပြီး ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းပြီးဖြစ်ပါတယ်။ TMZ သတင်းဌာနကရရှိတဲ့အချက်အလက်များအရ သူ့ရဲ့ သမ္မတကော်မတီက  ဂျိုးစက်အက်ဖရိုမန်းဖိုမန်းကို သမ္မတအတွက်အမည်စာရင်းတင်သွင်းလိုက်ပြီး သူဟာ တစ်သီးပုဂ္ဂလ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

“ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးသော ကြေညာချက်တစ်ခု ကျွန်တော်လုပ်လို့ရမလား။ ကျွန်တော်ဟာ 20-20-Fro အတွက် သမ္မတအဖြစ်ဝင်ပြိုင်ပါမယ်” လို့ သူက ဖျော်ဖြေရေးစင်မြင့်ပေါ်ကနေ ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့လကတည်းက အင်တာဗျူးတစ်ခုမှာ သူဟာ သမ္မတအဖြစ်ဝင်ပြိုင်မယ်လို့ ထုတ်ဖော်ပြောခဲ့ပြီးသားဖြစ်ပါတယ်?

“ အမေရိကန်အိပ်မက်သမားတစ်ဦးရဲ့ အခွင့်အရေးတစ်ခုကို ကျင့်သုံးပြီး ကျွန်တော်ဟာ ပြည်နယ်၅၀အားလုံးကို ဆေး ခြောက်တရားဝင်ဖြစ်စေဖို့ ဆောင်ကြဉ်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရဲတပ်ဖွဲ့တကယ့်ပြုပြင်ပြောင်းလဲရေး လုပ် နိုင်မယ်၊ပြီးတော့ နိုင်ငံရဲ့ စိတ်ကျန်းမာရေးကို ကူညီနိုင်မယ်လို့ထင်ပါတယ်” လို့သူကပြောခဲ့ပါတယ်။

Source WION

#YangonMediaGroup

#အမေရိကန်ရက်ပါအဆိုတော်အက်ဖရိုမန်

#အမေရိကန်သမ္မတရွေးကောက်ပွဲ၂၀၂၄