Published 10 April 2023

အမေရိကန်နိင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့်အပတ်ထဲမှာ ဗီယက်နမ်ကို သွားရောက်မယ်လို့  ဧပြီ(၈)ရက် စနေနေ့က ဟနွိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်ဆီးနိတ်အမတ် ဂျက်ဖ်မတ်ခ်လေ ကပြောပါတယ်။ ယခုနှစ်အတွင်း ဗီယက်နမ်နှင့်သံတမန်ဆက်သွယ်ရေးကို နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် သွားရောက် ခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။

တရားဝင်ကြေညာခြင်းမရှိသေးတဲ့ ဘလင်ကန်ရဲ့ဗီယက်နမ်ခရီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ငုယင်ဖူတရောင်းတို့ ဖုန်းဆက်သွယ်ပြောဆိုအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ  ဇူလိုင်မှာ ကျရောက်မယ့် ဗီယက်နမ်နှင့် အလုံးစုံသောမိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့်နှင့် တိုက်ဆိုင်ပြီး ဒီနှစ်မှာ ဗီယက်နမ်နှင့်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

“ နောက်တစ်ပတ်မှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကိုရောက်ပါလိမ့်မယ်” လို့ ဆီးနိတ်အမတ် မတ်လေက အမေရိကန်လွှတ် တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ရည်ရွယ်ချက်နှင့် ဟနွိုင်းမြို့တော်ကို ရောက်ရှိနေ တုန်း သတင်းထောက်တွေကို ပြောပါတယ်။

ဘလင်ကန်ဟာ ဗီယက်နမ်ကို လာမယ့်စနေနေ့မှာ လာရောက်ဖွယ်ရှိပါတယ်။

သုံးသပ်သူတွေကတော့ ဗီယက်နမ်မှာ ဘလင်ကန်ရဲ့  ဆက်ဆံရေးမြှင့်တင်မယ်ဆိုတဲ ယခုခရီးကို အတော်သတိထား နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခရီးကြောင့် တရုတ်နှင့်ဆက်ဆံရေးတင်းမာမှာကို ဗီယက်နမ်က စိုးရိမ်နေတာဖြစ်တယ်လို့ ပြောနေကြပါတယ်။

အမေရိကန်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးထုတ်ကုန်ဈေးကွက်ဖြစ်ပြီး သံတမန်မိတ်ဖက်မှာတော့ တတိယအဆင့်မှာ ရှိနေပါတယ်။ထိပ်ဆုံးအဆင့်ထဲမှာ  တရုတ်၊ရုရှား၊အိန္ဒိယနှင့် တောင်ကိုရီးယားတို့ပါဝင်နေပါတယ်။ဝါရှင်တန်က ဒုတိယ အဆင့်ဖြစ်တဲ့ ဥရောပနိုင်ငံတွေနှင့်ဂျပန်တွေရဲ့ အဆင့်မှာ မြှင့်တင်နေရာယူလိုတာဖြစ်ပါတယ်။

Source Reuters

#အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်

#အမေရိကန်_ဗီယက်နမ်သံတမန်ဆက်ဆံရေး

#YangonMediaGroup