#World_Health
Published_ 4 April 2023

လမ်းလျှောက်ခြင်းနဲ့ ပြေးခြင်းတို့ဟာ နှလုံးသွေးကြောကျန်းမာရေးအတွက် အဓိကလေ့ကျင့်ခန်းတွေဖြစ်ပြီး ပိုမိုအသက်ပြင်းပြင်းရှူစေကာ နှလုံးခုန်မြန်စေပါတယ်။

 

နှလုံးက သွေးကိုမြန်မြန်ညှစ်ထုတ်တဲ့အခါ သွေးကြောတွေမှာပိတ်နေတဲ့ အစအနတွေကို ဖယ်ရှားပေးပြီး လေဖြတ်ခြင်း နှလုံးရောဂါစတာတွေ ဖြစ်နိုင်ချေနည်းစေပါတယ်။

 

နှလုံးလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကောင်းမွန်စေခြင်း၊ စိတ်ပျော်ရွှင်စေခြင်း၊ မှတ်ဉာဏ်တိုးတက်စေခြင်း၊ ဒီမန်ရှာဖြစ်နိုင်ချေနည်းစေခြင်း၊ ကိုလက်စ်ထရောပမာဏသင့်တင့်ခြင်းတို့ အကျိုးကျေးဇူးရရှိစေပါတယ်။

 

လူအများစုက အခြေခံလေ့ကျင့်ခန်းဖြင့် စတင်ပြုလုပ်ကြပါတယ်။

 

တစ်နေ့တာခန္ဓာကိုယ်လှုပ်ရှားခြင်းဖြင့် သက်ရှည်ကျန်းမာတဲ့ဘဝအတွက် အကောင်းဆုံးဖြစ်စေမှာဖြစ်ပါတယ်။

 

ပြေးခြင်းနဲ့ လမ်းလျှောက်ခြင်းနှစ်မျိုးစလုံးဟာ နှလုံးအတွက်ကောင်းမွန်စေတယ်ဆိုပေမယ့် နှလုံးကျွမ်းကျင်ပညာရှင်များကတော့ ခပ်သွက်သွက်လမ်းလျှောက်ခြင်းကို ပိုအားပေးထားပါတယ်။

 

ပြေးခြင်းက နှလုံးကြွက်သားတွေအပေါ် ဖိအားသက်ရောက်စေပေမယ့် အရွယ်မတိုင်ခင်သေဆုံးနိုင်ချေကိုတော့ လျှော့ချနိုင်ဖွယ်မရှိကြောင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်းကတော့ နှလုံးအပေါ် ဖိအားနည်းစေကာ အရွယ်မတိုင်ခင်သေဆုံးနိုင်ချေကို လျှော့ချနိုင်ကြောင်း ဒေါက်တာ'နက်ရှ်ကမ်ဒင်'က ဆိုပါတယ်။

 

၂၀၁၃ ခုနှစ်က ပြေးခြင်းလေ့ကျင့်ခန်းပြုလုပ်သူ ၃၃,၀၆၀ ဦးနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်သူ ၁၅,၀၄၅ ဦးတို့ကို လေ့လာခဲ့ရာ ခပ်သွက်သွက်လမ်းလျှောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေလျှော့ချရာမှာ ပြေးခြင်းထက် ပိုမိုထိရောက်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဒါ့အပြင် လမ်းလျှောက်ခြင်းဖြင့် ဒူး၊ ခြေကျင်းဝတ်၊ ကျောပြဿနာရှိသူတွေနဲ့ အဝလွန်သူတွေမှာ ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

ကြွက်သားတွေကို အကြောလျှော့ပြီးတဲ့အခါ သွေးပူလေ့ကျင့်ခန်း ၁၀ မိနစ်ခန့်ပြုလုပ်ပြီး အဆစ်အမြစ်အားလုံးလှုပ်ရှားကာ လမ်းလျှောက်သင့်ပါတယ်။

Source: India Today
#World_Health #လမ်းလျှောက်ခြင်း #ပြေးခြင်း
#YMG#Yangon_Media_Group