#World_Technology
Published 29 March 2023

 

ကမ္ဘာတဝှမ်းမှာ လူလုပ်အသိဉာဏ်တု(AI)စနစ် ထွန်းကားလာတာကြောင့် လူသားတွေရဲ့ အလုပ်အကိုင်နေရာတွေမှာ အစားထိုးလာမလားဆိုတဲ့မေးခွန်းဟာ အကြိမ်ကြိမ်ပေါ်ထွက်နေပါတယ်။

ဂိုးလ်မန်းဆက်ချ်ရင်းနှီးမြှုပ်နှံရေးဘဏ်ရဲ့ တင်ပြချက်အရ AI တွေဟာ လူသားအလုပ်အကိုင်နေရာပေါင်း သန်း ၃၀ ဝန်းကျင်ခန့်အထိ အစားထိုးသွားနိုင်တယ်လို့ သိရပါတယ်။

အခုဆိုရင် အမေရိကန်နဲ့ ဥရောပရှိ အလုပ်အကိုင် ၃ ပုံ ၂ ပုံခန့်ဟာ ထိုကဲ့သို့အလားအလာရှိနေပါတယ်။

ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးတွေမှာတော့ ၁၀ နှစ်တာကာလအတွင်း ၇ ရာခိုင်နှုန်းတိုးတက်လာနိုင်ပါတယ်။

နောက်ထပ်တင်ပြချက်အရ လက်ရှိဝန်ထမ်း ၆၀ ရာခိုင်နှုန်းခန့်ဟာ ၁၉၄၀ ခုနှစ်လောက်က မရှိခဲ့တဲ့အလုပ်တွေမှာ လုပ်ကိုင်နေကြရပါတယ်။

နောက်ထပ်သုတေသနအရ နည်းပညာဆိုင်ရာတိုးတက်မှုတွေကြောင့် ၁၉၈၀ နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်လာတာထက် အလုပ်ဆုံးရှုံးသူတွေ ပိုများနေပါတယ်။

AI စနစ်တိုးတက်လာတာနဲ့အမျှ ဒီထက်ပိုပြီး အလုပ်အကိုင်ဆုံးရှုံးလာရဖွယ်ရှိနေပါတယ်။

AI တွေက ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံများ၊ စာသားများ၊ 3D ပုံစံများဖန်တီးရာမှာ လူသားတွေဖန်တီးတာနဲ့ ကွာခြားမှုမရှိလောက်တဲ့အထိ တိုးတက်လာတာကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးလာရဖွယ်ရှိတယ်လို့ ဂိုးလ်မန်းဆက်ချ်က ဆိုပါတယ်။

စီမံအုပ်ချုပ်ရေးကဏ္ဍတွေမှာ ၄၆ ရာခိုင်နှုန်းနဲ့ ဥပဒေရေးရာကဏ္ဍတွေမှာ ၄၄ ရာခိုင်နှုန်းတို့က AI အစားထိုးခံရမယ့် အခြေအနေရှိနေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်လုပ်ရတဲ့ ဆောက်လုပ်ရေးလိုအလုပ်အကိုင်တွေကတော့ ဆုံးရှုံးနိုင်ချေအနည်းဆုံးဖြစ်နေကာ အလုပ်အကိုင်အားလုံးနီးပါးက အတိုင်းအတာတစ်ခုအထိ အစားထိုးခံရဖွယ်ရှိပါတယ်။
Source: WION
#Yangon_Media_Group