#World_Health
Published 23 March 2023

သဘာဝဘယ်ရီသီးတစ်ခွက်နဲ့ ညီမျှတဲ့ အေးခဲခြောက်သွေ့တဲ့ ဘလူးဘယ်ရီးသီး ၂၅ ဂရမ်နေ့စဉ်စားသုံးခြင်းဖြင့် ကိုယ်ကာယလှုပ်ရှားမှုကို တိုးတက်စေကာ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာလည်း ခန္ဓာကိုယ်အဆီကို ပိုမိုလောင်ကျွမ်းစေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဘလူးဘယ်ရီသီးက စွမ်းအင်အတွက် ဖက်တီးအက်ဆစ်ဖြိုခွဲမှုဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားပိုလီတက်ခ်နစ်ပြည်နယ်တက္ကသိုလ်နဲ့ ဂွန်ဇာဂါတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက စမ်းသပ်ချင်ခဲ့ကြပါတယ်။

ဘလူးဘယ်ရီမှာ အန်သိုဆိုင်ယာနင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် အဆီဖြိုခွဲမှုကို အားပေးတာဖြစ်နိုင်ပါတယ်။

ကျန်းမာသော အမျိုးသားစက်ဘီးစီး ၁၁ ဦးကို ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကာ မိနစ် ၄၀ ကြာစက်ဘီးစီးခိုင်းခဲ့ပါတယ်။

စက်ဘီးစီးရင်း ၁၀ မိနစ်ကြာတိုင်း လက်ထိပ်သွေးဖောက်ကာ နမူနာယူခဲ့ပါတယ်။

သူတို့ဟာ အချိန်နှစ်ပတ်တိုင်အောင် နေ့စဉ် အန်သိုဆိုင်ယာနင် ၃၇၅ ဂရမ်ပါဝင်တဲ့ အေးခဲခြောက်သွေ့သော ဘလူးဘယ်ရီအမှုန့် ၂၅ ဂရမ်စားသုံးစေခဲ့ပါတယ်။

မိနစ် ၂၀ ကြာစက်ဘီးစီးပြီးနောက် အဆီဖြိုခွဲခြင်း ၁၉.၇ ရာခိုင်နှုန်းများပြားကာ မိနစ် ၃၀ ကြာပြီးနောက် ၄၃.၂ ရာခိုင်နှုန်း၊ မိနစ် ၄၀ အကြာမှာ ၃၁.၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်သွားပါတယ်။

နောက်ဆုံးကောက်ချက်အရ အားကစားသမားတွေဟာ ဘယ်ရီသီးစားပြီးနောက် အဆီပိုမိုလောင်ကျွမ်းသွားပါတယ်။

ဒါ့အပြင် ဘလူးဘယ်ရီဟာ ကြွက်သားကိုပြန်လည်ပြေလျော့စေပြီး ခန္ဓာကိုယ်ကနေ လေ့ကျင့်ခန်းကို ပိုမိုတာရှည်ပြုလုပ်နိုင်အောင် စွမ်းအင်ထုတ်လုပ်ပေးပါတယ်။

အဆီဖြိုခွဲရာမှရတဲ့စွမ်းအင် နည်းပါးသွားတဲ့အခါ ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ကရတဲ့ ဂလိုင်ကိုဂျင်ကိုအသုံးပြုပြီး ဂလိုင်ကိုဂျင်လျော့ကျလာတာနဲ့အမျှ ပိုမိုပင်ပန်းလာစေပါတယ်။

ဒါ့အပြင်ဘလူးဘယ်ရီစားပြီးတဲ့အခါ နွမ်းနယ်ခြင်းကိုဖြစ်စေတဲ့ လက်တိတ်ပမာဏလျော့ကျစေပြီး လေ့ကျင့်ခန်းကိုရေရှည်ပြုလုပ်နိုင်ပါတယ်။

Source: NY Post
#Yangon_Media_Group