#World_Health
Published 20 March 2023

 

အဆုတ်နှစ်ခုစလုံးအစားထိုးခွဲစိတ်ပြီး အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ကို ကုသနိုင်ခဲ့တဲ့ ဒုတိယမြောက်လူနာ ပေါ်ထွက်လာပါပြီ။
မင်နီဆိုတာမှ အသက် ၆၄ နှစ်အရွယ်အမျိုးသမီး 'တန်နက်ဇ်အမယ်လီ'ဟာ ဇွန်လက ခွဲစိတ်ကုသမှုခံယူပြီးနောက် ကင်ဆာရောဂါကင်းရှင်းသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

သူမတိုင်ခင်က အသက် ၅၄ နှစ်ရှိ 'အယ်လ်ဘတ်ခိုရီ'ဟာလည်း ၂၀၂၁ မှာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပါတယ်။

 

ဒီကင်ဆာအဆင့်မှာ အဆုတ်အစားထိုးကုသခြင်းက လုံးဝအောင်မြင်နိုင်ချေမရှိပေမယ့် မစ္စတာ'ခိုရီ'နဲ့ မစ္စ'အမယ်လီ'တို့ဟာ ကံကောင်းစွာနဲ့ပဲ အဆုတ်မှာကင်မပျံ့တော့ပါဘူး။

 

အမေရိကန်မှာ အဆုတ်ကင်ဆာဟာ သေဆုံးရတဲ့အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နေပြီး နှစ်စဉ် ၁၂၀,၀၀၀ ခန့်အသက်ဆုံးရှုံးနေကာ ၂၀၂၃ မှာ အဆုတ်ကင်ဆာဖြစ်ပွားသူ ၂၄၀,၀၀၀ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

မစ္စတာ'ခိုရီ'ဟာ ၂၀၂၀ အစောပိုင်းက ချီကာဂိုသယ်ယူပို့ဆောင်ရေးဌာနမှာ ပန်းရံအလုပ်လုပ်ကိုင်သူဖြစ်ပြီး ဆေးလိပ်မသောက်သူဖြစ်ကာ ကျောနာခြင်း၊ နှာချေခြင်း၊ ချမ်းတုန်ခြင်း၊ ချွဲထခြင်းတို့ခံစားခဲ့ရကာ ၂၀၂၁ စက်တင်ဘာလမှာ အစားထိုးခွဲစိတ်ခံခဲ့ပါတယ်။

 

ထိုစဉ်က အဆုတ်ကင်ဆာပထမအဆင့်ဖြစ်နေပြီး နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါကာလကြောင့် ကုသမှုချက်ချင်းမခံယူခဲ့ရပါဘူး။

 

လပိုင်းအတွင်း ဓာတုကုသမှုတွေခံယူရင်း ကင်ဆာအဆင့်တက်သွားခဲ့ပြီး နောက်ဆုံးအဆင့်ရောက်သွားခဲ့ပါတယ်။

 

အခြားဌာနကဆရာဝန်တွေက ဒီအခြေအနေအတွက် အသက်ရှင်နိုင်ချေမရှိဘူးလို့ ပြောပြခဲ့ကြပါတယ်။

 

သူ့အခြေအနေပိုဆိုးလာချိန်မှာ ဆရာဝန်တွေက ခွဲစိတ်မှုပြုလုပ်ဖို့ စတင်စဉ်းစားလာကြပါတယ်။

 

လူနာထံမှ အဆုတ်နှစ်ခုစလုံးကို ဖယ်ထုတ်ကာ အလှူရှင်ထံမှ အဆုတ်တွေနဲ့ အစားထိုးခဲ့ကြပါတယ်။

 

ခွဲစိတ်ချိန် ၇ နာရီအတွင်း ဆရာဝန်တွေက အဆုတ်အဟောင်းဆီက ကင်ဆာဆဲလ်တွေ ရင်ခေါင်းထဲ သွေးကြောထဲမရောက်သွားအောင် အထူးသတိထားဆောင်ရွက်ခဲ့ကြပါတယ်။

 

ကင်ဆာဆဲလ်တွေ လွင့်စင်လာပါက ခန္ဓာကိုယ်ရဲ့မည်သည့်နေရာမှာမဆို ကင်ဆာအသစ် ဖြစ်နိုင်ပါတယ်။

 

နောက် ၁၈ လအကြာမှာတော့ မစ္စတာ'ခိုရီ'မှာ ကင်ဆာမရှိတော့ဘဲ အလုပ်ပြန်လုပ်နိုင်ပြီဖြစ်ပါတယ်။

 

မစ္စ'အမယ်လီ'ဟာလည်း ဆေးလိပ်မသောက်သူဖြစ်ကာ အငြိမ်းစားသူနာပြုဖြစ်ပါတယ်။

 

၂၀၂၁ မှာ နာတာရှည်ချောင်းဆိုးဖြစ်ခဲ့ပြီး ဆရာဝန်နဲ့သွားပြရာမှာ အဆုတ်ကင်ဆာစတုတ္ထအဆင့် ရောက်နေပါပြီ။

 

အမယ်လီဟာလည်း အဆုတ်နှစ်ခုစလုံးအစားထိုးခွဲစိတ်ပြီးနောက် နောက်ထပ်ကင်ဆာကုသမှုတွေ မလိုအပ်တော့ပါဘူး။

 

နော့သ်ဝက်စ်တန်ဆေးဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်တွေက ကင်ဆာပျံ့ပွားခြင်းကို အတတ်နိုင်ဆုံးလျှော့ချပြီး ကင်ဆာကုသနိုင်တဲ့ နည်းလမ်းအသစ်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

 

သူတို့ရဲ့စီမံကိန်းတွေက ကင်ဆာနောက်ဆုံးအဆင့်လူနာများအတွက် မျှော်လင့်ချက်ဖြစ်လာပါတယ်။

 

Source: Daliy Mail
#Yangon_Media_Group