#World_Health
Published 14 March 2023

 

အချိန်နဲ့အမျှ သဘာဝအတိုင်းစုပြုံလာတဲ့ အဆိပ်‌အတောက်အဆီပစ္စည်း ၂ မျိုးကို ဖယ်ရှားလိုက်ခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို ဟန့်တားစေနိုင်ကာ ကိုယ်အလေးချိန်အနည်းချိန် ကျဆင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

အသက်အရွယ်ကြီးတာနဲ့အမျှ သဘာဝအတိုင်း ပိုမိုစုပြုံလာတဲ့ ဂလစ်စရောလ်နဲ့ ဂလစ်စရယ်လ်ဒီဟိုက်တို့ကို ချေဖျက်ခြင်းဖြင့် အသက်ပိုရှည်နိုင်ကြောင်း ဗာဂျီးနီးယားတက္ကသိုလ်မှာ လေ့လာခဲ့ကာ Current Biology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

သုတေသနအဖွဲ့က မမျှော်လင့်ဘဲတွေ့ရှိခဲ့တာဖြစ်ပြီး အသက်ရှည်စေရန် အဓိကအချက်က ဆဲလ်တွေထဲက အိုမင်းပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်သစ်လွင်စေတဲ့ အလိုအလျောက်ကုစားဖြစ်စဉ်ကို လှုံ့ဆော်ပေးဖို့ဖြစ်ကြောင်း သုတေသီ'အိုင်လင်းဂျော်ဂျယ်လီနာအိုရုခ်'က ရှင်းပြခဲ့ပါတယ်။

 

ဒီဖြစ်စဉ်အတွက် အရေးကြီးတာက အင်ဇိုင်း ၂ မျိုးကို လှုံ့ဆော်ပေးဖို့ဖြစ်ပြီး နဂိုသိပြီးသား အကြောင်းအရာများက ပံ့ပိုးပေးနိုင်ကြောင်း ဆိုပါတယ်။

 

လူသားတွေနဲ့ မျိုးရိုးဗီဇ ၇၀ ရာခိုင်နှုန်းတူပြီး ဇီဝဆေးသုတေသနမှာ အသုံးပြုလေ့ရှိတဲ့ C.elegans အဏုဇီဝသံကောင်တွေကို AMAR လို့ခေါ်တဲ့နည်းလမ်းဖြင့်လေ့လာခဲ့ကြပါတယ်။

 

adh-1 လို့ခေါ်တဲ့မျိုးရိုးဗီဇထဲကို ထည့်သွင်းလိုက်ခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်နိုင်တဲ့အကြောင်း ဖော်ထုတ်နိုင်မယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

 

ထိုအခါမှာ အယ်လ်ကိုဟောဒီဟိုက်ဒရိုဂျနေ့စ်အင်ဇိုင်း ပိုမိုထွက်ရှိကာ ဂလစ်စရောလ်နဲ့ ဂလစ်စရယ်ဒီဟိုက်တို့ကြောင့်ဖြစ်တဲ့ ဆိုးကျိုးများကို ကာကွယ်ပေးပြီး ပိုမိုကျန်းမာအသက်ရှည်စေပါတယ်။

 

ထို့နောက် နို့တိုက်သတ္တဝါတွေမှာလည်း ထိုနည်းအတိုင်း လုပ်ဆောင်သလားဆိုတာကိုသိရဖို့ မှိုတွေနဲ့ စတင်စမ်းသပ်ခဲ့ပါတယ်။

 

နောက်ပိုင်းမှာတော့ လူသားတွေမှာလည်း စမ်းသပ်ခဲ့ရာ အိုမင်းခြင်းကို နှောင့်နှေးစေကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

 

AMAR နည်းလမ်းကို ဆေးဘက်ဆိုင်ရာမှာ ပိုမိုအသုံးချနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

 

"လူတွေအတွက် အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါတွေက အဓိကပြဿနာဖြစ်နေတာကြောင့် အိုမင်းခြင်းကို ပစ်မှတ်ထားတဲ့ဖြစ်စဉ်တွေက အထိရောက်ဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်" လို့ ပြောပြသွားပါတယ်။

 

Source: The Jerusalem Post #World_Health #အိုမင်းခြင်း #သုတေသီ #YMG #Yangon_Media_Group