#World_Health
Published 14 March 2023

 

သံလွင်ဆီဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာအစိတ်အပိုင်းအဖြစ် အာဟာရပညာရှင်များက သတ်မှတ်ထားပါတယ်။

 

သံလွင်ဆီက သွေးပေါင်ကျစေခြင်း၊ ရောင်ရမ်းခြင်းကို လျော့ကျစေခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများနဲ့ ဆက်စပ်နေကြောင်း ကလိဗ်လန်းဆေးခန်းမှ အစားအသောက်ပညာရှင်'ဂျူလီယာဇွန်ပါနို'က ပြောပြခဲ့ပါတယ်။

 

သံလွင်ဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးနဲ့ပတ်သက်ပြီး အဓိကလေ့လာခဲ့တာကတော့ နှလုံးအတွက်ဖြစ်ကြောင်း ဆိုပါတယ်။

 

၂၀၂၂ က လေ့လာဖော်ပြချက်အရ သံလွင်ဆီကို နေ့စဉ်စားပွဲတင်ဇွန်းတဝက်ကျော် စားသုံးပေးခြင်းဖြင့် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးနိုင်ချေကို ၁၉ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်ပါတယ်။

 

ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ကိုလက်စ်ထရောလ်တွေ များပြားလာပြီး သွေးကြောနံရံတွေမှာ အနည်ထိုင်သွားတဲ့အခါ အဓိကသွေးကြောတွေ ပိတ်ဆို့ကျဉ်းမြောင်းသွားတတ်ပါတယ်။

 

သံလွင်ဆီမှာပါတဲ့ မိုနိုအန်စက်ကျူရိတ်တက်ဖက်တီးအက်ဆစ်က အဆိုပါ မကောင်းတဲ့ကိုလက်စ်ထရောလ်တွေကို လျှော့ချပေးတာဖြစ်ပါတယ်။

 

ဒါ့အပြင် ပိုလီဖီနောလ်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝတာကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းစ်ဆေးပညာတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာဒေါက်တာ'ဆယ်လ်ဗီရာဂျာဂိုပယ်လ်'က ပြောပြခဲ့ပါတယ်။

 

သံလွင်ဆီကို ဒီအတိုင်းစားသုံးခြင်းဖြင့် မလိုအပ်တဲ့ကယ်လိုရီတွေ များစေနိုင်သလို အပူပေးလိုက်ပါကလည်း ပိုလီဖီနောလ်တွေ ပြိုကွဲသွားနိုင်ပါတယ်။

 

မကောင်းတဲ့ကိုလက်စ်ထရောလ်တွေ တက်စေတဲ့ ထောပတ်၊ နို့ထွက်ပစ္စည်းတွေအစား သံလွင်ဆီအသုံးပြုဖို့ ဒေါက်တာ'ဂွာ့ချ်ဖယ်ရီ'က အကြံပြုထားပါတယ်။

 

သာမန်ဟင်းချက်ဆီတွေအစား သံလွင်ဆီဖြင့် ချက်ပြုတ်ကာ ဟင်းခတ်အမွှေးအကြိုင်ဖြင့် ချက်ပြုတ်ကြည့်ဖို့ ပြောကြားထားပါတယ်။

 

ဒါပေမဲ့ တစ်နေ့ကို စားပွဲတင်ဇွန်း ၃/၄ ဇွန်းထက်တော့ ပိုမစားသင့်ဘဲ ဒါဟာ ကျန်းမာရေးအကျိုးကျေးဇူးရရှိဖို့ သင့်တော်တဲ့ပမာဏဖြစ်ပါတယ်။

 

ဒီတစ်ခုတည်းကိုပဲ အာရုံစိုက်စားသုံးပြီး ကျန်းမာရေးကောင်းလာဖို့ မျှော်လင့်နေလို့မရကြောင်း၊ စားသောက်ပုံတစ်ခုလုံးကိုလည်း ဂရုစိုက်ရမှာဖြစ်ကြောင်း ဒေါက်တာ'ရာဂျာဂိုပယ်လ်'က ပြောပြသွားပါတယ်။

 

Source: CNA #World_Health #သံလွင်ဆီ #သွေးပေါင်ချိန်ကျ
#YMG #Yangon_Media_Group