#World_News Published

12 March 2023

အိန္ဒိယနိုင်ငံ ကာဆာရာဂေါ့က ဘာလခရစ်ရှ်နန်ပါလာရီဆိုတဲ့ အမျိုးသားကြီးတစ်ဦးဟာ အစာအိမ်အချဉ်ပေါက်တဲ့ ရောဂါကိုကုသဖို့အတွက် ပြီးခဲ့တဲ့ ၂၈ နှစ်လုံးလုံး အုန်းသီးကလွဲပြီး ဘာမှမစားဘဲ အသက်ရှင်နေထိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်စုကျော်ကြာအောင် အုန်းသီးတစ်မျိုးပဲစားသုံးခဲ့တယ်ဆိုတဲ့အတွက် အစားအသောက်မျိုးစုံ အရသာခံစားကြသူအများစုအတွက် ဒါဟာ မဖြစ်နိုင်ဘူလို့တွေးစရာပါ။ ဒါပမေယ့် သူကတော့ သူ့အနေနှင့် အုန်းသီပဲစားပြီး ကျန်းမာကြံ့ခိုင်နေတယ်လို့ ကြေညာပြောဆိုပါတယ်။ ဘာလာခရစ်ရှ်နန်ပါလာရီဟာ အစာအိမ်အချဉ်ပေါက်တဲ့ဝေဒနာနှစ်ရှည်လများခံစားခဲ့ရပြီး အဲဒီရောဂါကြောင့် သူ့အင်အားတွေ ချိနဲ့ခဲ့ရပါတယ်။ ဟိုသွားသည်လာတောင် မလုပ်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ အဲဒါကြောင့် သူဟာ အစားအစုံမစားတော့ဘဲ အုန်းသီးတစ်မျိုးတည်းကိုသာ စားသုံးခဲ့တဲ့အခါ ဝေဒနာအတော်သက်သာလာတဲ့အတွက် ဒီအတိုင်းပဲဆက်နေတော့မယ်လို့ သူဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ အုန်းသီးမှာ အဟာရဓာတ်အစုံပါတယ်။ ကယ်လ်ဆီယမ်၊မဂ္ဂနီဆီယမ်၊ဆိုဒီယမ်နှင့်ပိုတက်ဆီယမ်တို့လိုပေါ့။ အဲဒီ ဓာတ်တွေက သူ့ကိုခွန်အားတွေပြန်လည်ပြည့်ဖြိုးလာစေပြီး ကျန်းမာလာစေတယ်။ အဲဒါကြောင့် သူဟာ အုန်းသီးပဲစားပြီး အစားအစာကိုကန့်သတ်ခဲ့တာဖြစ်တယ်Ó လို့ သူ့ကိုအင်တာဗျူးလုပ်ခဲ့တဲ့ ဘလော့ဂါ ရှန်နက်စ်က ပြောပါတယ်။ သူနုပျိုစဉ်က ဒေသဘောလုံးအသင်းတစ်ခုမှာ သူဟာ ဘောလုံသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်မှာ သူဟာ အစာအိမ်အချဉ်ပေါက်ရောဂါဖြစ်လာပြီး ဆရာဝန်နှင့်ပြသခဲ့ရပါတယ်။ သူတစ်ခုခုစားပြီးတိုင်း သူ့အစာအိမ်ထဲကနေ အစာတွေအချဉ်ပေါက်ပြန်ထွက်လာပြီး အော့တာအန်တာဖြစ်ခဲ့ရပါတယ်။သူဟာ အစားအစာတွေကို တစ်မျိုးပြီး တစ်မျိုးကြိုးစားရှောင်ကြဉ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ အုန်းသီးနှင့်မှ သက်သာရာရခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ၂၈ နှစ်လုံးလုံးအုန်းသီးပဲစားပြီး အသက်ရှင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ “ နေ့တိုင်း ကျွန်တော်အုန်းသီးစားတယ်။ ကျွန်တော့်မိသားစုက အဲဒါကြောင့် အုန်းပင်တွေပိုစိုက်ပေးတယ်။ ဒီလိုနေထိုင်လာခဲ့တာ ၂၈ နှစ်ရှိပြီÓ လို့ သူကပြောပါတယ်။ အခုဆိုသူဟာ အသက် ၆၄နှစ်ရှိပါပြီ။ ဒါပေမယ့် သူဟာ သူနှင့်ရွယ်တူတွေထက် အများကြီးကျန်းမာနေပါတယ်။သူ့မိသားစုယာခင်းမှာ သူအလုပ်လုပ်ပါတယ်။ နေ့စဉ်ရေကူးပြီးလေ့ကျင့်ခန်းတွေလုပ်ပါတယ်။ သူ့မှာ စိုးရိမ်ရတဲ့ ဘယ်ကျန်းမာရေးပြဿနာမှမရှိသေးပါဘူး။ သူ့ရဲ့ အုန်းသီးစားတဲ့သတင်းဟာ အိန္ဒိယအိတ်စ်ပရက်စ်သတင်းစမှာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ရေးသားခဲ့ပါတယ်။ အဲဒီကတည်းက သူ့သတင်းတွေကို ဟိုနေရာ သည်နေရာ ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ တူရှားတာယဲလ်ကတော့ သူ့ကိစ္စဟာ သီးခြားဖြစ်တဲ့ သူမတူ ကိစ္စတစ်ခုသာ ဖြစ်တယ်။ အဲသလိုအုန်းသီးပဲစားပြီး ကျန်တဲ့အစားရှောင်တဲ့အလုပ်ကို သူထောက်ခံမှုမပြုပေးနိုင်ဘူး လို့ မီဒီယာတွေကို ပြောပါတယ်။

Source: Pakistan Observer

#အုန်းသီးတစ်မျိုးပဲစားသူ

#ဘာလခရစ်ရှ်နန်ပါလာရီ

#Balakrishnan_Palayi

#အိန္ဒိယ

#Yangon_Media_Group