#WorldNews

Published- 15 Oct  2021
မလေးရှားနိုင်ငံရှိ လက်သည်းအလှပြင်ဆိုင်က Squid Game ဇာတ်လမ်းတွဲမှ ရုပ်ပုံများဖြင့်ဖန်တီးရေးဆွဲထားတဲ့ လက်သည်းခွံအတုများရောင်းချလျက်ရှိပါတယ်။

လူကြိုက်များနေတဲ့ ဒီတောင်ကိုရီးယားဇာတ်လမ်းတွဲကိုအသုံးချပြီး စီးပွားရေးလုပ်ငန်းလေးတွေက ဝင်ငွေရရှိအောင် ဖန်တီးနေကြပါတယ်။ကွာလာလမ်ပူမြို့အစွန်မှာ တည်ရှိတဲ့ လက်သည်းအလှပြင်ဆိုင်ဟာ ဇာတ်လမ်းတွဲ ၉ ပိုင်းက တစ်ပိုင်းချင်းစီမှာပါဝင်တဲ့ ခေါင်းစဉ်ဒီဇိုင်းပုံစံတွေနဲ့ လက်သည်းခွံတွေကို ဖန်တီးထားတာဖြစ်ပါတယ်။

"မီးနီ မီးစိမ်း" ဆိုရင် အပိုင်း ၁ က စက်ရုပ်မကြီးပုံပါဝင်ပြီး "ငရဲ" အခန်းမှာဆိုရင် ယူနီဖောင်းအနီတွေဝတ်ဆင်ထားတဲ့ ဂိမ်းပြိုင်ပွဲမှဝန်ထမ်းတွေနဲ့ ပန်းရောင်ဖဲကြိုးချည်ထားတဲ့ အခေါင်းပုံတွေ ပါဝင်ပါတယ်။

"ဆွဲရတာခက်လားဆိုတော့ နည်းနည်းတော့ခက်တာပေါ့။ အကုန်လုံးကို လက်နဲ့ပဲဆွဲထားတာပါ။ တံဆိပ်နှိပ်ထားတာမဟုတ်ပါဘူး။ အသက်အောင့်ပြီး သေချာဆွဲခဲ့ရပါတယ်" လို့ အလှပြင်ဆိုင်ပူးတွဲဆိုင်ပိုင်ရှင် လင်ပိုင်ဇင်က ဆိုပါတယ်။

Squid Game ဇာတ်လမ်းတွဲက ဒီအပတ်အစောပိုင်းမှာပဲ Netflix ရဲ့အအောင်မြင်ဆုံး စီးရီးဇာတ်လမ်းတွဲထုတ်လွှင့်မှု ဖြစ်လာခဲ့ပြီး ၁ လအတွင်းမှာ ကြည့်ရှုသူ ၁၁၁ သန်းရောက်ရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာဆိုရင် ဂိမ်းပြိုင်ပွဲယှဉ်ပြိုင်သူတွေက ပိုက်ဆံပြတ်လတ်နေသူတွေဖြစ်ပြီး ဝမ် ၄၅.၆ ဘီလီယံအနိုင်ရရှိဖို့ သေရေးရှင်ရေးအခြေအနေတွေကြားက ယှဉ်ပြိုင်ကစားရတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဟောလိုဝင်းဝတ်စုံတွေ ကလေးကစားနည်းတွေကို ပြန်လည်အမှတ်ရစေပါတယ်။အတုယူမှားစရာဖြစ်နိုင်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ကမ္ဘာတဝန်းကိုရီးယား ယဉ်ကျေးမှုနဲ့ဘာသာစကားအပေါ် စိတ်ဝင်စားလာစေမှုတို့ကြား အငြင်းပွားစရာ ဖြစ်လာပါတယ်။

လက်သည်းခွံများကို လုပ်ငန်းဝက်ဘ်ဆိုက်မှ ဝယ်ယူကြသူများရှိပြီး ဒေသတွင်းမှဝယ်ယူသူများလည်းရှိတယ်လို့ လက်သည်း အလှပြင်ဆိုင်ပူးတွဲဆိုင်ပိုင်ရှင် ချင်ကွမ်ဟောင်က ဆိုပါတယ်။
Source Reuters