#WorldHealth

Published - 16 Oct 2021

ဥရောပဆေးဝါးအဖွဲ့ရဲ့ တာဝန်ရှိသူများက အက်စ်ထရာဇန်နီကာ ကိုဗစ်ကုသဆေးကို စတင်လေ့လာသုံးသပ်သွားမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ဆိုလိုက်ပြီး ပထမဆုံးသော ကိုဗစ်ရောဂါကုသဆေးဖြစ်လာနိုင်ပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်ချက်ရလာဒ်တွေကို အခြေခံပြီးနောက် ဒီသုံးသပ်လေ့လာချက်ကိုပြုလုပ်ဖို့ ဥရောပဆေးဝါးအေဂျင်စီကော်မတီက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။အန်ဂလိုဆွီဒင် ဆေးဝါးထုတ်လုပ်ရေးက အမေရိကန်အာဏာပိုင်များထံ အရေးပေါ်ခွင့်ပြုပေးဖို့တောင်းဆိုပြီး တစ်ပတ်အကြာလောက်မှာ ဒီလိုသုံးသပ်လေ့လာဖို့ စတင်ခဲ့တာဖြစ်ပါတယ်။

တခြားကာကွယ်ဆေးတွေက ခုခံအားစနစ်တုံ့ပြန်မှုကနေ antibody ခုခံအားနဲ့ ရောဂါပိုးတိုက်ဖျက်မယ့် ဆဲလ်တွေကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်။အက်စ်ထရာဇန်နီကာကထုတ်လုပ်မယ့် အီဗျူရှီးလ်ဆိုတဲ့ ကုသဆေးကတော့ ဓာတ်ခွဲခန်းထုတ် antibody တွေကို ခန္ဓာကိုယ်ထဲမှာ လအတော်ကြာတဲ့အထိ ရှိနေအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာပေါ်ပြီး ၁ ပတ်အတွင်း ကုသဆေးပေးပါက ရောဂါပြင်းထန်စွာခံစားရမှုနဲ့ သေဆုံးမှုတွေကို ကာကွယ်ပေးနိုင်ပြီး ရောဂါမကူးစက်တဲ့သူတွေမှာလည်း အလုပ်ဖြစ်ကြောင်း သက်သေပြပြီးဖြစ်ပါတယ်။
ဒီကုသဆေးတွေ အသုံးပြုနိုင်ပြီဆိုတာနဲ့ ဆေးရဲ့ ထိရောက်မှု အရည်အသွေး ဘေးကင်းစိတ်ချရမှုတို့ကို ဆန်းစစ်သွားမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

အက်စ်ထရာဇန်နီကာ ကိုဗစ်ကုသဆေးလိုပဲ ကိုဗစ်ရောဂါကုသရာမှာသုံးတဲ့ တခြားဆေးတွေလည်း ရှိပါသေးတယ်။လောလောဆယ်မှာတော့ ဂျီလက်ဒ်ကထုတ်တဲ့ ရမ်ဒီစီဗီယာ (remdesivir)ဆေး တစ်မျိုးတည်းသာ ကိုဗစ်ရောဂါကုသဖို့အတွက် ဥရောပသမဂ္ဂက အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
Source Reuters