#World_Health
Published 27 February 2023

 

ဂရိတ်ဖရုကို အချို့သောဆေးတွေနဲ့ တွဲဖက်အသုံးပြုရင် ဘေးထွက်ဆိုးကျိုးရှိတာကို ဖော်ပြထားကြပြီးဖြစ်ပါတယ်။

 

ဒါ့အပြင် ဂရိတ်ဖရုကို တိုနစ်ရေနဲ့ တွဲစပ်သောက်သုံးရင်လည်း အချို့လူတွေအတွက် ဘေးအန္တရာယ်ဖြစ်စေကြောင်းလည်း တွေ့ရှိလာပါတယ်။
ဂရိတ်ဖရုဖျော်ရည်နဲ့ ဓာတ်ပြုနေတဲ့ ဆေးပေါင်း ၁၀၀ နီးပါးရှိခဲ့ရာ တဖြည်းဖြည်းနဲ့ပိုများလာပါတယ်။

 

ဒီထဲမှာမှ ကိုလက်စ်ထရောလ်ဆေးတွေ၊ နှလုံးရောဂါသောက်ဆေးတွေ၊ ကင်ဆာကုသဆေးတွေလည်း ပါဝင်ပါတယ်။

 

ဂရိတ်ဖရုဖျော်ရည်မှာပါဝင်တဲ့ အချို့သောပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ ဆေးတွေဖြိုခွဲခြင်းကို ပြုလုပ်ပေးတဲ့ CYP3A4 အင်ဇိုင်းကို နှောင့်နှေးစေပါတယ်။

 

အင်ဇိုင်းက အူသိမ်နံရံတွေမှာရှိကာ ဆေးတွေ သွေးထဲကို မစုပ်ယူခင် ဖြိုခွဲပေးတာကြောင့် အင်ဇိုင်းကိုပိတ်ပင်ခြင်းဖြင့် သွေးထဲမှာ ဆေးပမာဏသိသိသာသာ များပြားလာစေပါတယ်။

 

ထိုကနေ ဆေးပမာဏပြောင်းလဲသွားကာ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်းအပြင် မအီမသာခံစားချက်တွေ ဖြစ်စေနိုင်ပါတယ်။

 

တိုနစ်ရေမှာပါဝင်တဲ့ ကွီနင်ဓာတ်က ဂရိတ်ဖရုဖျော်ရည်ရဲ့ သက်ရောက်မှုတွေကို ပေါင်းစည်းသွားစေပါတယ်။

 

နှလုံးပြဿနာရှိသူတွေဟာ ဂရိတ်ဖရုဖျော်ရည်နဲ့ တိုနစ်ရေကို အတူမသုံးစွဲသင့်ကြောင်း Medicine Plus ဝက်ဘ်ဆိုက်မှာ အကြံပြုထားပါတယ်။

 

ဒါ့အပြင် ဂရိတ်ဖရုဖျော်ရည်နဲ့ ဝိုင်နီတို့ကိုလည်း ဆေးတွေနဲ့ တွဲမသောက်သင့်ပါဘူး။

 

ဂရိတ်ဖရုဖျော်ရည်က ကွီနင်ဇီဝဖြစ်စဉ်ကို ဆောင်ရွက်ပေးတဲ့အင်ဇိုင်းကို တားဆီးတာကြောင့်ဖြစ်ပါတယ်။

 

ထိုကနေ သွေးထဲမှာကွီနင်တွေများလာကာ ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်စေနိုင်ပါတယ်။

 

#Source: The Jerusalem Post #World_Health #ဂရိတ်ဖရုဖျော်ရည် #တိုနစ်ရေ #YMG #Yangon_Media_Group