#World_Healthline
Published 26 February 2023

 

တစ်ဖက်သက်အချစ်က စိတတစ်ခံစားချက်ကို ထိခိုက်စေပြီး မအီမသာဖြစ်စေတယ်လို့ ဆန်ဒီယေဂိုမှ အိမ်ထောင်ရေးနှင့်မိသားစုရေးရာပညာရှင် 'ကင်မ်အီဂျယ်လ်'က ဆိုပါတယ်။

 

ကိုယ့်ကိုစိတ်မဝင်စားတဲ့လူကို ချစ်နေမိတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပေမယ့် သဘောထားမတူညီတာတွေကြောင့် တာရှည်ခံဖို့ခဲယဉ်းနေတာမျိုး စတဲ့အခြေအနေအမျိုးမျိုး ကြုံတွေ့ရနိုင်ပါတယ်။

 

ဒီလိုမျိုးတွေကြုံတွေ့နေရတာတောင် စိတ်လျှော့ဖို့ခက်ခဲတတ်ပါတယ်။
ဘယ်လိုရှေ့ဆက်သင့်လဲဆိုတာကို အောက်ပါအတိုင်း အကြံပေးထားပါတယ်။

 

- အခြေအနေအမှန်ကို သိရှိလက်ခံပါ

 

- အဆင်မပြေတဲ့အတွဲတွေမှာ အနာဂတ်ထက် လက်ရှိအဖြစ်မှန်ကို လက်ခံကျင့်သုံးသင့်ပါတယ်။

 

- ချက်ချင်းကြီး ပြေလည်သွားမှာမဟုတ်ပေမယ့် ဒါဟာ အရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်။

 

- လက်တွဲရခြင်းရဲ့ လိုအပ်ချက်များကို အဖြေရှာပါ

 

- တစ်ယောက်နဲ့ တစ်ယောက်လက်တွဲရခြင်းရဲ့ လိုအပ်ချက်တွေနဲ့ မလိုတာတွေကိုပါ ဂရုစိုက်သိရှိပါ။

 

- သင်နဲ့ပတ်သက်သူက သင့်လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုတာကို သိရှိထားတယ်ဆိုရင် ခံစားချက်တွေကို အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

- ရှေ့သို့ရှေးရှုပါ

 

- ကိုယ့်ကိုပြန်မချစ်တဲ့သူ၊ အရင်ကရည်းစားဟောင်းကို တမ်းတနေရင် နောက်တစ်ယောက်နဲ့ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။

 

- နောက်ထပ်တစ်ယောက်ရှာနေရင်တောင် မှန်ကန်တဲ့လက်တွဲဖော်တွေ့ဖို့ ခက်ခဲနေဦးမှာပါ။

 

- အခြားသူများကိုလည်း ဦးစားပေးပါ

 

- အသည်းကွဲတဲ့သူတွေက အရေးကြီးတဲ့ အခြားလူတွေကိုလည်း မေ့လျော့နေတတ်ပါတယ်။

 

- သင့်မိတ်ဆွေတွေ၊ မိသားစုဝင်တွေက သင့်အတွက် အကြံဉာဏ်ပေးနိုင်မယ်ဆိုရင် သင်ခံစားနေရတာတွေကို သက်သာစေမှာဖြစ်ပါတယ်။

 

- အချိန်ယူရမည်ကို နားလည်ထားပါ

 

- အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်က ဖြည်းဖြည်းချင်းပေါ်ပေါက် ဖြည်းဖြည်းချင်းပျောက်ကွယ်တတ်တာပါ။

 

- အသည်းကွဲတာကလည်း တသက်လုံးရှိနေမှာမဟုတ်ပါဘူး။

 

Source: healthline #World_Healthline #Love #တစ်ဘက်သတ်
#YMG #Yangon_Media_Group