Published 26 Feb 2023

ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်တပ်ဆင်ထာတဲ့ တရုတ် တိုက်လေယာဉ် J-11 ဟာ တောင်တရုတ်ပင်လယ် ပါစယ်ကျွန်းများအနီး ကောင်းကင်ယံမှာ အမေရိကန်ကင်းလှည့်လေယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ စီအင်န်အင်န်က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

အမေရိကန်ရေတပ် P-8 Poseidon လေယာဉ်ဟာ တောင်တရုတ်ပင်လယ်ပေါ် အမြင့်ပေး ၂၁.၅၀၀ခန့်မှာ ပျံသန်းနေစဉ် လေယာဉ်အမြီးမှာ ကြယ်နီတပ်ထားပြီး ဒုံးကျည်တွေတပ်ဆင်ထား တဲ့ တရုတ်လေယာဉ်တစ်စီးကို လေယာဉ်မှူးကမြင်ခဲ့တာဖြစ်တယ်လို့ စီအင်န်အင်န်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတရုတ်ဂျက်လေယာဉ်ဟာ အမေရိကန်လေယာဉ်တောင်ပံနှင့် ပေပေါင်း ရာဂဏန်းမျှသာ ကွာဝေးတဲ့နေရာကနေ ၁၅မိနစ်ခန့် တောက်လျောက်စောင့်ကြပ်ပျံသန်းခဲ့ပြီးမှ ပြန်လှည့်သွားတယ်လို့ဆိုပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထံမှ သတင်းစကားတစ်ခုကို အမေရိကန်ကင်းလှည့်လေယာဉ်က ရရှိခဲ့ပါတယ်။ အဲဒီသတိပေးသတင်းအချက်အလက်မှာ အမေရိကန်လေယာဉ်ဟာ တရုတ်လေပိုင်နက်နှင့် ရေမိုင် ၁၂ မိုင်အကွာအထိရောက်နေတယ်။ထပ်ပြီးနီးကပ်မလာဖို့နှင့် နီးကပ်လာရင် ဖြစ်သမျှတာဝန်အားလုံးယူရလိမ့်မယ် လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်ကသူပိုင်တယ်လို့ပြောထးပြီး အခြားနိုင်ငံတွေက အဲဒီမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ပြင်းထန်စွာကန့်ကွက်လို့ရှိခဲ့ပါတယ်။ အဲဒီရေမျက်နှာပြင်မှာ တစ်နှစ်တစ်နှစ်ကို ကုန်စည်ပေါင်း အမေရိကန် ၅ ထရီလီယံတန်ဖိုးခန့် ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

Source: IndiaToday

#တောင်တရုတ်ပင်လယ်

#အမေရိကန်ကင်းလှည့်လေယာဉ်

#တရုတ်တိုက်လေယာဉ်_J-11

#ကြားဖြတ်ဟန့်တား

#YangonMediaGroup

#WorldNews