#World_Business
Published 24 February 2023

 

ကမ္ဘာ့ဘဏ်ကို ဦးစီးရန်အတွက် MasterCard Inc ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း 'အာဂျေးဘန်ဂါ'ကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က အဆိုပြုလိုက်ပါတယ်။

 

အိန္ဒိယနွယ်ဖွားအမှုဆောင်ဟာ ပုဂ္ဂလိကရေးရာကဏ္ဍမှာ ဆက်ဆံရေးကောင်းရှိထားပြီး သက်တမ်း ၇၇ နှစ်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ ရာသီဥတုဖောက်ပြန်မှုကို ကောင်းစွာဖြေရှင်းနိုင်ရန် အရှိန်အဟုန်ဖြင့် ပြုပြင်မွမ်းမံသွားမှာ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံသားဖြစ်နေပြီး အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဘန်ဂါကို ကြာသပတေးနေ့မှာ ဘိုင်ဒင်က အဆိုပြုလိုက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန်ကြိုးပမ်းနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဘီလီယံဒေါ်လာငွေကြေးတွေကို တာဝန်ယူကိုင်တွယ်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ရာထူးကနေနှုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့ ဥက္ကဌ'ဒေးဗစ်မယ်လ်ပတ်စ်'ရဲ့နေရာမှာ မေလအစောပိုင်းအတွင်း ဥက္ကဌအသစ်အစားထိုးရန် ကမ္ဘာ့ဘဏ်က မျှော်မှန်းထားပါတယ်။

 

ဒေးဗစ်မယ်လ်ပတ်စ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျဘုံသဘောတူညီချက်ကို လက်ခံမလားဆိုတာကို အစပိုင်းမှာ ငြင်းပယ်ခဲ့ပြီး ခိုင်မာတဲ့ပြုပြင်ရေးများ ဆောင်ရွက်ရန် ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယယ်လန်'ကလည်း ဖိအားပေးနေခဲ့တာကြောင့် အငြင်းပွားစရာများ ဖြစ်ခဲ့ပါတယ်။

 

အခုလိုမျိုး ပုဂ္ဂိုလ်တစ်ဦးကို အလျင်အမြန်ပဲ အဆိုပြုလိုက်တာကြောင့် အခြားယှဉ်ပြိုင်ချင်တဲ့သူတွေအတွက် အားလျော့သွားစေကြောင်း အမေရိကန်ဘဏ္ဍာရေးမှူးဟောင်း 'စကော့မောရစ်'က ဆိုပါတယ်။ နှစ်
ဘန်ဂါက ရာသီဥတုပြောင်းလဲမှုတုန့်ပြန်ရေးအတွက် ကမ္ဘာ့ကုမ္ပဏီတွေ၊ ပုဂ္ဂလိကမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေ ဆယ်စုနှစ်ချီရှိနေပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အလုပ်လုပ်ဖူးတဲ့ မှတ်တမ်းတွေရှိထားကြောင်း ဘိုင်ဒင်က မှတ်ချက်ပြုလိုက်ပါတယ်။

 

ဘန်ဂါက ဘဏ္ဍာရေးတိုးချဲ့ခြင်းတွေ၊ နည်းပညာအသစ်ကျွမ်းကျင်ခြင်းတွေအပေါ် စိတ်ပါဝင်စားခြင်းက ချမ်းသာတဲ့နိုင်ငံတွေနဲ့ ကျယ်ပြန့်စဈေးကွက်တွေကြား ကူးပေါင်းပေးနိုင်မှာဖြစ်ကြောင်း အင်တာအမေရိကန်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဌဖြစ်ပြီး ဘန်ဂါနဲ့နီးစပ်စွယလုပ်ကိုင်နေတဲ့ လူးဝစ္စအယ်လ်ဘတ်တိုမိုရီနိုက ဆိုပါတယ်။

 

အိန္ဒိယကလည်း ဘန်ဂါပါဝင်ယှဉ်ပြိုင်မယ့်အပေါ် ထောက်ပံ့ပေးဖို့ မျှော်လင့်နေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ အိန္ဒိယအမှုဆောင်ညွှန်ကြားရေးမှူးက ပြောကြားသွားပါတယ်။

 

#Source: Reuters #World_Business #ဘိုင်ဒင်အဆိုပြု
#YMG #Yangon_Media_Group