#World_Health
Published 24 February 2023

 

ဘရာဇီးလ်မှ မိခင်တစ်ဦးဟာ ၆၀ စင်တီမီတာမြင့်ပြီး ကိုယ်အလေးချိန် ၇.၃ ကီလိုဂရမ် (၁၆ ပေါင်)ရှိတဲ့ ကလေးငယ်ကို မွေးဖွားခဲ့ပါတယ်။

 

အသက် ၂၇ နှစ်ရှိ 'ကလီဒီယန်ဆန်းတို့စ်ဒေါ့ဆန်းတို့စ်'ဟာ အမေဇုံပြည်နယ် ပဲရင်တင်စ်ရှိ ပက်ဒရီကိုလမ်ဘိုဆေးရုံမှာ ဇန်နဝါရီ ၁၈ ရက်နေ့က သားယောက်ျားလေးကို ဗိုက်ခွဲမွေးခဲ့ပါတယ်။

 

ဆန်းတို့စ်က ပုံမှန်အတိုင်းဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရန် ဆေးရုံကိုသွားခဲ့တာဖြစ်ပေမယ့် သန္ဓေသားကို နေ့စေ့လစေ့ကိုယ်ဝန်ဆက်လွယ်ထားဖို့ ကြီးလွန်းနေကြောင်း ဆရာဝန်က သတိထားမိပြီး ဗိုက်ခွဲမွေးဖွားခဲ့ရာ ကလေးရောမိခင်ပါ ကျန်းမာလျက်ရှိပါတယ်။

 

ကလေးရဲ့အလေးချိန်များလွန်းတာဟာ ဒါပထမဆုံးဖြစ်ရပ်မဟုတ်ပါဘူး။

 

၈ ကီလိုဂရမ် (၁၇.၆ ပေါင်)ရှိခဲ့တဲ့ကလေးနဲ့ ၁၀ ကီလိုဂရမ် (၂၂ ပေါင်)ဖြင့်မွေးဖွားခဲ့တဲ့ ဖြစ်ရပ်တွေတောင် ရှိခဲ့ပါတယ်။

 

ကလေးရဲ့အရွယ်အစား ပုံမှန်မဟုတ်တာက မိခင်မှာ ဆီးချိုရောဂါရှိနေနိုင်တာကြောင့် ဖြစ်နိုင်ချေများပါတယ်။

 

ကလေးက ကြီးလွန်းနေတာကြောင့် မိဘတွေဝယ်ထားတဲ့ ကလေးအဝတ်တွေ မတော်ဘဲ ဆေးရုံမှ အဝတ်အစားတွေ တောင်းခံထားရပါတယ်။

 

ဒီကလေးအတွက် ၉ လကနေ ၁ နှစ်အရွယ်ကလေးတွေဝတ်တဲ့ ကလေးအနှီးတွေလည်း စုဆောင်းနေရပါတယ်။

 

"ကျွန်မ မထင်ခဲ့မိပါဘူး၊ ၈ ပေါင် ၉ ပေါင်လောက်ပဲရှိမယ်ထင်ထားတာ၊ အခုတော့ ၁၆ ပေါင်ဖြစ်နေပါတယ်၊ ကျွန်မဒီကိုရောက်ကတည်းက စောင့်ရှောက်ပေးပြီး အားပေးခဲ့တဲ့ ဆေးရုံကဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်၊ သူတို့သာမရှိရင် ကျွန်မဘာလုပ်ရမလဲသိမှာ မဟုတ်ပါဘူး" လို့ မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

Source: The Jerusalem Post
#World_Health #ဘရာဇီးလ် #ကိုယ်အလေးချိန် (၁၅.၄ပေါင်)#baby
#YMG #Yangon_Media_Group