#World_Health
Published 23 February 2023

 

အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး အာဟာရစားစရာကတော့ ကြက်ဥပဲဖြစ်ပါတယ်။

 

ကြက်ဥစားခြင်းဖြင့် ကိုလက်စ်ထရောမြင့်စေနိုင်တယ်ဆိုတာတွေ၊ ကြက်ဥဥတဲ့အခါ ဆယ်လ်မွန်နဲလားပိုးပါဝင်တယ်ဆိုတာတွေ ကြားနေရပေမယ့် တကယ်တမ်းမှာတော့ ကြက်ဥမှာ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။

 

ကြက်ဥတစ်လုံးဟာ နေ့စဉ်လိုအပ်ချက်တွေထဲက ဆယ်လီနီယမ် ၂၅ ရာခိုင်နှုန်း၊ ဗိုက်တာမင် B12 ၂၀ ရာခိုင်နှုန်းနဲ့ အပင်ဒြပ်ပေါင်းတွေ ပေးစွမ်းနိုင်ပါတယ်။

 

ထိုဓာတ်တွေဟာ အဆီအဖြစ်နဲ့ပျော်ဝင်နိုင်တာကြောင့် ကြက်ဥစားခြင်းဖြင့် ခန္ဓာကိုယ်ကနေ အများအပြားစုပ်ယူနိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် ကြက်ဥတွေမှာ ပရိုတိန်းလည်း များစွာပါဝင်ပါတယ်။
ကြက်ဥမှာပါတဲ့ပရိုတိန်းဟာ ကြွက်သား၊ တစ်ရှူးများပြုပြင်တည်ဆောက်ရာမှာ လိုအပ်တဲ့အမိုင်နိုအက်ဆစ် ၉ မျိုးစလုံးပါဝင်ပါတယ်။

 

ကြက်ဥမှာပါဝင်တဲ့ နောက်ထပ်အရေးကြီးဓာတ်တစ်မျိုးက choline ဖြစ်ပါတယ်။

 

ဦးနှောက်ထဲရှိ မှတ်ဉာဏ်နဲ့စိတ်အခြေအနေတို့ကို ကူညီပေးကာ သွေးနီဥထုတ်လုပ်မှုမှာပါဝင်ပြီး အသည်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပါတယ်။

 

Choline ကို ကြက်ဥကနေရရှိနိုင်သလို ငါး၊ ကြက်သား၊ နို့ထွက်ပစ္စည်းတွေကနေလည်း ရရှိနိုင်ပါတယ်။

 

ကြက်ဥက ကိုလက်စ်ထရောလ်မြင့်မားစွာ ပါဝင်ပေမယ့် အစားအစာမှာတွေ့ရတဲ့ ကိုလက်စ်ထရောလ်တွေဟာ သွေးထဲက ကိုလက်စ်ထရောလ်ကို များစွာသက်ရောက်စေတာမျိုး မဟုတ်ပါဘူး။

 

ကိုလက်စ်ထရောလ်ကို မြင့်စေတာက ပြည့်ဝဆီတွေနဲ့ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေဖြစ်ပါတယ်။

 

ဒါကြောင့် ကြက်ဥကြော်တွေကို အာလူးကြော်၊ အသားပြားတွေနဲ့ စားသုံးတာကိုတော့ ရှောင်ရှားသင့်ပါတယ်။

 

ကြက်ဥနဲ့ သားကြီးငါးကြီးစားသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေများတယ်ဆိုပေမယ့် သားကြီးငါးကြီးကို ရှောင်ရှားလိုက်ပါက ရောဂါဖြစ်နိုင်ချေမရှိတော့ပါဘူး။

 

Source: Daily Mail #World_Health 
#YMG #Yangon_Media_Group