#World_Health
Published 23 February 2023

 

ပင်မစတမ်ဆဲလ်အစားထိုးကုသနည်းဖြင့် HIV ဝေဒနာရှင်‌‌တွေကိုကုသခဲ့ရာမှာ ရောဂါပျောက်ကင်းသွားသူ ၅ ယောက်မြောက်ပေါ်ထွက်လာပြီလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ဂျာမနီလူမျိုးကို ၂၀၁၃ ခုနှစ်မှာ အစားထိုးကုသမှုပြုလုပ်ခဲ့ကာ ၂၀၁၈ မှာ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေ ရပ်ဆိုင်းလိုက်ပေမယ့် ယခုမတိုင်ခင်အထိတော့ ရောဂါပျောက်ကင်းမှန်း အတည်မပြုနိုင်ခဲ့ပါဘူး။

 

အန္တရာယ်ကြီးတဲ့ AIDS ရောဂါကြောင့် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတဝှမ်းတွင် သေဆုံးသူ သန်း ၄၀ ကျော်ရှိခဲ့ကြောင်း WHO က ဆိုပါတယ်။

 

ကုသနည်းတွေအနေနဲ့ HIV ကနေ AIDS ဖြစ်မလာအောင် တားဆီးနိုင်ပေမယ့် မလွယ်ကူလှပါဘူး။

 

ဒီ‌ဗိုင်းရပ်စ်ကို သေချာပေါက်ကုသနိုင်တဲ့ မရှိပေမယ့် အချို့လူတွေကတော့ HIV ကို ကုသနိုင်ခဲ့ပါတယ်။

 

ပင်မစတမ်ဆဲလ်အစားထိုးကုသခြင်းက ဆေးပညာပိုင်းမှာ အားသာချက်တွေရှိသလို ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။

 

ဒီကုသနည်းက အသက်အန္တရာယ်ထိပါးနိုင်ချေပါ မြင့်မားနေတာကို သတိပြုမိဖို့လည်း လိုပါတယ်။

 

ဒါကြောင့် ဒီနည်းလမ်းကို လွယ်လင့်တကူအသုံးမပြုကြဘဲ အဆိုးရွားဆုံးအခြေအနေမှသာ ကုသကြတာဖြစ်ပါတယ်။

 

ပင်မစတမ်ဆဲလ်အစားထိုးကုသခြင်းဟာ HIV ရော သွေးအားနည်းရောဂါရှိသူတွေမှာသာ စွန့်စားပြီးကုသတာဖြစ်ပါတယ်။

 

လေ့လာချက်အရ ထိုလူနာမှာ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေ အသုံးမပြုတော့တာတောင် HIV မတွေ့ရတော့ပါဘူး။

 

ကုသနည်းတွေ အသုံးမပြုဘဲနဲ့ HIV ပျောက်ကင်းသွားခဲ့တဲ့ အချို့လူတွေလည်း ရှိနေပါတယ်။

 

#Source: The Jerusalem Post #World_Health #HIV #AIDS
#YMG #Yangon_Media_Group