Published 16 Jan 2023

ဟောလီဝုဒ်ရဲ့ရွှေခေတ်က နာမည်ကျော်ကြားခဲ့တဲ့ အသက် ၉၅နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး ဂျီနာလိုလိုဘရစ်ဂျစ်ဒါ Gina Lollobrigida ဟာ  ဇန်နဝါရီ ၁၆ ရက် တနင်္လာနေ့မှာ ကွယ်လွန်သွားပါတယ်။

သူမဟာ ငယ်စဉ်က လိင်ဆွဲဆောင်မှုပြင်းတဲ့ အစ်ကိုကာလသားကြိုက်မင်းသမီးဖြစ်ခဲ့ပြီး သူမဟာ အဲဒီအချိန်တုန်းက ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ အာရိုဖလင်း၊ ဘတ်လန်ကစ္စတာနှင့် ဟမ်ဖရေးဘိုဂတ်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။

သူမဟာ ၁၉၂၇ခုနှစ် ဇူလိုင်(၄)ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့က မိုင်(၃၀)အကွာမှာရှိတဲ့ တောင်ပေါ်မြို့ကလေး ဆူဗီယာကိုမှာ မွေးဖွားခဲ့ပါတယ်။

Source: AFP

 

#Gina_Lollobrigida

#one_of the_last_icons_Golden_Age_of_Hollywood