#World_Health
Published 17 January 2023

 

ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးအသစ်က အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ လေဖြတ်နိုင်ချေရှိတယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးနေကြပါတယ်။

 

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)နဲ့ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေး(FDA)တို့ရဲ့ စောင့်ကြည့်ရေးစနစ်အရ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးအသစ်နဲ့ ကာကွယ်ဆေးထိုးပြီး ၃/၄ ပတ်အကြာ လေဖြတ်ခြင်းအန္တရာယ်ဖြစ်ခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

အချက်အလက်များအရ အန္တရာယ်ရှိနိုင်တယ်လို့ သေချာပေါက်မယူဆနိုင်ပေမယ့် ပြည်သူတွေသိရှိဖို့ မျှဝေရပါမယ်လို့ CDC နဲ့ FDA တို့က ထုတ်ပြန်လိုက်ပါတယ်။

 

ဦးနှောက်လေဖြတ်ခြင်းဆိုတာက ဦးနှောက်ဆီကိုသွားတဲ့ သွေးကြောတွေပိတ်ဆို့နေတာပါ။

 

စုံစမ်းစစ်ဆေးရန် လိုအပ်တဲ့အချက်အလက်တွေ ပြည့်မီနေတယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

 

ကာကွယ်ဆေးအသစ်က ကိုဗစ်ဆိုးရွားခြင်းကို ကာကွယ်နိုင်ကြောင်း စမ်းသပ်တွေ့ရှိထားတာကြောင့် အသက်ကြီးသူတွေမှာ အရင်ထိုးပေးဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

 

ဒီလိုထွက်ပေါ်လာရတဲ့ ဆက်စပ်မှုမှာ အခြားအကြောင်းအရာတွေလည်း ပါဝင်နေနိုင်တယ်လို့ FDA နဲ့ CDC တို့က ကြေညာခဲ့ပါတယ်။

 

ဒီဆက်စပ်မှုက ဖိုင်ဇာရဲ့အားမြှင့်ကာကွယ်ဆေးမှာသာ တွေ့ရပြီး အခြားကာကွယ်ဆေးတွေနဲ့ အခြားအသက်အရွယ်တွေမှာ မတွေ့ရပါဘူး။

 

ဖိုင်ဇာဘိုင်အိုအင်န်တက်ခ် ဘိုင်ဗေးလန့်ကာကွယ်ဆေးနဲ့ မိုဒါနာ ဘိုင်ဗေးလန့်ကာကွယ်ဆေးတို့ဟာ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ အိုမီခရွန်မျိုးကွဲများကို ပစ်မှတ်ထားကာကွယ်ပေးပြီး အသက် ၆ လနဲ့အထက် ကလေးတွေမှာလည်း အသုံးပြုခွင့်ပေးထားပါတယ်။

 

ဘိုင်ဗေးလန့်ကာကွယ်ဆေးတွေဟာ ရောဂါကူးစက်မှုကာကွယ်ခြင်းကို အားဖြည့်ပေးပြီး အိုမီခရွန်မျိုးကွဲများပျံ့နှံ့ခြင်းကို နှောင့်နှေးစေပါတယ်။
အမေရိကန်မှာ လူဦးရေ ၁၅ ရာခိုင်နှုန်းခန့်က အားမြှင့်ကာကွယ်ဆေးအသစ်ထိုးနှံထားပြီးဖြစ်ကာ ထိုးပြီးသားလူအများစုက လေဖြတ်ခြင်းအန္တရာယ်ရှိနေတာဖြစ်ပါတယ်။

 

လေဖြတ်သူတွေမှာ ၂၀ ရာခိုင်နှုန်းက အသက်အန္တရာယ်ရှိပြီး ကျန်တဲ့သူတွေမှာတော့ ဦးနှောက်အပြီးတိုင်ထိခိုက်ခြင်း၊ စကားမပြောနိုင်ခြင်း၊ အမြင်အာရုံနဲ့ လှုပ်ရှားနိုင်စွမ်းကင်းမဲ့ခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group