#World_Science
Published 16 January 2023

နာဆာ(NASA)ရဲ့ James Webb Space တယ်လီစကုပ်(JWST)ကနေ ပထမဆုံးဂြိုဟ်ကို တွေ့ရှိခဲ့ရာ လက်ရှိကမ္ဘာဂြိုဟ်နဲ့ တူညီတဲ့အရွယ်အစားခန့်ရှိပါတယ်။

 

LHS 475 b. လို့ သတ်မှတ်ထားကာ ထိုဂြိုဟ်ဟာ ကမ္ဘာမြေဂြိုဟ်ရဲ့အချင်းအတိုင်း ၉၉ ရာခိုင်နှုန်းအထိရှိပြီး လေထုရှိမရှိတော့ မသိရသေးပါဘူး။

 

JWST ရဲ့ထုတ်ပြန်ချက်အရ ထိုဂြိုဟ်က ကမ္ဘာမြေကနေ အလင်းနှစ် ၄၁ နှစ်ကွာဝေးပြီး ကမ္ဘာမြေထက် အပူချိန်ဒီဂရီရာဂဏန်းမျှ ပိုမိုပူနွေးကာ နှစ်ရက်အတွင်းပတ်လမ်းလည်ပတ်နိုင်ပါတယ်။

 

ဒီလိုဂြိုဟ်တွေကို အာကာသကြည့်မှန်ပြောင်းတွေနဲ့ မမြင်ရပေမယ့် JWST ကတော့ ဘယ်လောက်အထိ စွမ်းဆောင်ရည်မြင့်သလဲဆိုတာ ထပ်မံသက်သေပြသွားပြန်ပြီ။

 

ရှာဖွေတွေ့ရှိချက်က အံ့ဩစရာကောင်းပေမယ့် သူ့ရဲ့လေထုမှာ ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကို သိပ္ပံပညာရှင်တွေ လေ့လာဖို့ကြိုးစားနေပါတယ်။

 

လေထုမရှိတာမျိုးဖြစ်နိုင်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်လေထုသက်သက်နဲ့ပဲ ဖွဲ့စည်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

ယခုလိုတွေ့ရှိမှုကြောင့် ကမ္ဘာမြေကဲ့သို့အရွယ်အစားရှိတဲ့ နောက်ထပ်ဂြိုဟ်မွှားတွေ တွေ့ရှိလာနိုင်ပါတယ်။

 

ထိုဂြိုဟ်ကိုတွေ့ရှိမှုက ရှာဖွေရေးကိရိယာတွေ ဘယ်လောက်အထိ တိကျသလဲဆိုတာကို ပြသရာရောက်ပါတယ်။

 

သိပ္ပံပညာရှင်တွေက ထိုလေထုမှာဖွဲ့စည်းထားတာကို မသိရှိနိုင်ပေမယ့် JWST ကတော့ သိရှိအောင်စွမ်းဆောင်နိုင်ပါတယ်။

 

JWST မှာတပ်ဆင်ထားတဲ့ကိရိယာတွေက အက်တမ်တွေ၊ မော်လီကျူးတွေအပြင် ဓာတုပစ္စည်းတွေကိုပါ ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး သက်ရှိဂြိုဟ်သားတွေရှိမရှိ ရှာဖွေနိုင်ဖွယ်ရှိပါတယ်။

 

Source: Daily Mail
#Yangon_Media_Group