Published-18 June 2021
ဇွန်လ ၁၈ ရက်နေ့က ဒိန်းမတ်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ရင်ဆိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စုပွဲစဉ် မှာ နှလုံးရောဂါကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အတွက် အားပေးဂုဏ်ပြုတဲ့အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ပွဲမစခင် ကွင်းထဲမှာ အဲရစ်ဆင်ရဲ့ ဝတ်ဆင်တဲ့ ကျောနံပတ်ပါ ဧရာမ ဂျာစီကြီးကို ကွင်းထဲမှာ ဖော်ပြဂုဏ်ပြုခဲ့သလို ပွဲစပြီး ၁၀ မိနစ်အကြာမှာလည်း ပွဲကို ရုတ်တရပ် ရပ်တန့်ကာ နှစ်ဖက်ကစားသမားတွေနဲ့ ပရိသတ်တွေက အဲရစ်ဆင်အတွက် အားပေးဂုဏ်ပြုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။