ယူရို ၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဒိန်းမတ်အသင်းကို အနိုင်ယူပြီး အင်္ဂလန်အသင်း ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့လို့ သန်းနဲ့ချီတဲ့ ပရိသတ်တွေဟာ အင်္ဂလန်နိုင်ငံတဝန်းမှာ အောင်ပွဲခံခဲ့ကြပါတယ်။ အင်္ဂလန်အသင်းဟာ ဒိန်းမတ်အသင်းကို ပွဲချိန်အချိန်ပိုမှာ သွင်းယူတဲ့ ဟယ်ရီကိန်းရဲ့ ဂိုးကြောင့် ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၅၅ နှစ်အတွင်း အဓိကပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာပါ။ ဒါကြောင့် အင်္ဂလန်နိုင်ငံတဝန်းက ပရိသတ်တွေဟာ တစ်ညလုံး အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။