#World_Military
Published 22 September 2022

 

ယူကရိန်းပဋိပက္ခစစ်ပွဲတွင် အမှုထမ်းရန် ရုရှားတစ်နိုင်ငံလုံးတပ်သားစုဆောင်းရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် အရန်တပ်သား ၃ သိန်း ခေါ်ယူသွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး'ဆာဂျီရှိဂူ'က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

ဒါ့အပြင် ရုရှားဟာ စစ်သားအရေအတွက် လုံလောက်စွာရှိတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်အရ တပ်သားခေါ်ယူရာမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ စစ်မှုထမ်းများမပါဝင်ဘူးလို့ သိရပါတယ်။

 

စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့သူတွေကိုသာ ခေါ်ယူသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

 

"အခုခေါ်မယ့်သူတွေက စစ်တပ်အကြောင်း လုံးဝမသိတဲ့သူတွေမဟုတ်ပါဘူး။ ဦးစားပေးအနေနဲ့ စစ်မှုထမ်းကာလ ပြီးမြောက်ထားတဲ့သူတွေနဲ့ စစ်ရေးအထူးလေ့ကျင့်ထားသူတွေ၊ စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေကို ခေါ်သွားမှာပါ"

 

ရုရှားဟာ တပ်သားအင်အားတောင့်တင်းပြီး စစ်ရေးအတွေ့အကြုံရှိသူ ၂၅ သန်းခန့် စုဆောင်းနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

ဒါကြောင့် အခုခေါ်ယူတဲ့ အင်အား ၃ သိန်းက တကယ်စစ်ရေးအတွေ့အကြုံရှိသူအားလုံးပေါင်းရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ရှိပါသေးတယ်လို့ ဆိုပါတယ်။

 

ရုရှားနဲ့ ယူကရိန်းတပ်တွေကြား နယ်နိမိတ်ထိစပ်မှုက ကီလိုမီတာ ၁ ထောင်ကျော်ရှည်လျားတာကြောင့် ခေါ်ယူမယ့်တပ်သားတွေကို အဲဒီနေရာတွေမှာ ကာကွယ်ဖို့အတွက် နေရာချထားလို့ရပါတယ်။

 

ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေကို စောင့်ကြည့်ဖို့အတွက် တပ်သားတွေလိုအပ်ပါတယ်။

 

ယူကရိန်းစစ်ပွဲအတွက် လိုအပ်နေတဲ့ တပ်သားခေါ်ယူခြင်းကို ရုရှားသမ္မတ'ဗလာဒီမာပူတင်'က တပ်သားစုဆောင်းရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ကြေညာလိုက်ကာ ထပ်မယ့်ခေါ်ယူမယ့်တပ်သားများအတွက် စစ်ရေးလေ့ကျင့်မှုများအပြင် အပိုခံစားခွင့်များလည်း ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

 

ဖေဖော်ဝါရီလတုန်းက ယူကရိန်းနဲ့ရုရှားတို့ ညှိနှိုင်းမရခဲ့တာကြောင့် ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းသို့ တပ်သားများ စေလွှတ်ကာကျူးကျော်ခဲ့ပါတယ်။

 

အရင်သမ္မတဟောင်းလက်ထက်ကလည်း ယူကရိန်းရဲ့အဓိကရည်ရွယ်ချက်ဟာ အပစ်အခတ်ရပ်စဲရင်း အင်အားကြီးလက်နက်ကိုင်တပ်ဖွဲဖြစ်လာဖို အချိန်ယူဖို့ပဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

 

ယူကရိန်းဒေသအတွင်းက ဒိုနက်စ်နဲ့ လူဟန့်စ်ပြည်နယ်တို့ကို လွတ်လပ်ခွင့်ရနယ်မြေများအဖြစ် ရုရှားက အသိအမှတ်ပြုလိုက်ကာ ယူကရိန်းအနေနဲ့ အနောက်နိုင်ငံစစ်ရေးအဖွဲ့ထဲ မဝင်ဘဲ ကြားနေနိုင်ငံအဖြစ် ကြေညာပေးဖို့ ရုရှားက လိုချင်နေခဲ့ပါတယ်။

 

ရုရှားတို့ကျူးကျော်တာဟာ အကျိုးအကြောင်း လုံးဝမဆီလျော်ဘူးလို့ ယူကရိန်းဘက်က တုံ့ပြန်ထားပါတယ်။

 

Source: RT
#Yangon_Media_Group