#LocalNews
Published - 28 Feb 2022
ပြည်တွင်းစားသုံးဆီဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ အခုလက်ရှိမှာတော့ စားအုန်းဆီ တစ်ပိဿာ ကျပ် ၆,၀၀၀ ကျော် ၇,၀၀၀ နီးပါးအထိ ဈေးနှုန်းတွေမြင့်တက်နေပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 572
#LocalNews
Published - 28 Feb 2022
ထိုင်းနိုင်ငံအတွင်းကို အလုပ်လာရောက်လုပ်ကိုင်လိုသူတွေအနေနဲ့ အသက်အန္တရာယ်များတဲ့ ခိုးဝင်ရောက်မှုတွေကို မပြုလုပ်ကြဖို့ မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA က သတိပေးပြောဆိုလိုက်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 470
#LocalNews
Published - 28 Feb 2022
အိုမီခရွန် ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ ၆ ဦးသာ ကျန်ရှိတော့တယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 437
Published 28 February 2022
ရုရှား-ယူကရိန်းအရေးမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့တွေအားလုံး စိတ်တည်တည်ငြိမ်ငြိမ်ထားကြဖို့နှင့် ချုပ်တည်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်းက ဖေဖာ်ဝါရီ ၂၈ရက် တနင်္လာနေ့က ပြောလိုက်ပါတယ်။ ရုရှားသမ္မတပူတင်က နျူကလီးယားတပ်ဖွဲတွေကို တပ်လှန့်ပြီးတစ်ရက်အကြာမှာ တရုတ်က ပြောကြားတာဖြစ်ပါတယ်။
Source AFP
- Category: World
- Hits: 901
#DailyNews
Published - 28 Feb 2022
၁။ ထိုင်းနိုင်ငံသို့ အသက်အန္တရာယ်များသည့် ခိုးဝင်ရောက်မှုမပြုလုပ်ရန် JACBA သတိပေး
၂။ အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ တမူးမြို့တွင် ကိုဗစ်လူနာ ၆ ဦးသာကျန်ရှိ
၃။ မိုးလဝေသ သတင်း
၄။ အစ္စလာမ်အကြမ်းဖက်တွေဖျက်ဆီးခဲ့သည့် အီရတ်ရှေးဟောင်းမြို့မှ ပြုပြင်မွမ်းမံခြင်းလက်ရာများ
ဖော်ထုတ်ပြသ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 406
Published 27 February 2022
ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်တွင် တနင်္လာနေ့မနက်အထိ နေ့ည ကာဖျူးအမိန့်ထုတ်ပြန်လိုက်တဲ့အတွက် မြို့ရဲ့လမ်းတွေဟာ လူသူကင်းမဲ့သွားပါတယ်။
အပြင်မှာရှိနေတဲ့လူတွေကို ရန်သူရဲ့ အဖျက်သမားတွေနှင့်ကင်းထောက်အဖွဲ့တွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ အမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကျူးကျော်မှုစတင်ချိန်မှ ယခုအချိန်အထိ ကလေးငယ်(၃)ဦးအပါအဝင် အရပ်သား(၁၈၉)ဦးသေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီရဲ့ သတင်းအရသိရပါတယ်
တနင်္ဂနွေနေ့က ယူကရိန်းရဲ့ ဒုတိယမြောက်အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်မြို့မှာ လမ်းပေါ်တိုက်ပွဲတွေရှိနေပြီး စက်သေနတ်သံတွေနှင့်ပေါက်ကွဲသံတွေကြားနေကြရပါတယ်။
ရုရှားနှင့်ယူကရိန်းစေ့စပ်ဆွေးနွေးကြဖို့ ဘီလာရု(စ်)မှာစီစဉ်ခဲ့ပေမယ့် ယူကရိန်းသမ္မတက ပယ်ဖျက်ခဲ့ပြီး ဝါဆော၊ဘရက်တစ်လာဗား၊ ဘူဒါပက်စ်၊အီစတန်ဘူလ်နှင့် ဘာကူးမြို့တွေထဲက တစ်မြို့မြို့ကို ရွေးပေးဖို့ သူက ရုရှားကို ပြန်လည်အဆိုပြုခဲ့ပါတယ်။
Source AFP
- Category: World
- Hits: 933
- Category: Myanmar
- Hits: 650