Published 23 Oct 2022

မိခင်နှင့်ကလေး ပန်ဒါဝက်ဝံသားအမိရဲ့ အစားအစာရှာဖွေတာ၊ပိုင်နက် အနံ့ခံမှတ်သားရှာဖွေတာတွေပါဝင်တဲ့ ရုပ်သံအပိုင်းအစကို တရုတ်နိုင်ငံအနောက်မြောက်ပိုင် ရှန်ရှီးပြည်နယ်က ချန်ချင်းအမျိုးသား သဘာဝ ကြိုးဝိုင်းက မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပါတယ်။

မကြာသေးမီက ကင်းလှည့်ကြည့်ရှုခဲ့စဉ်အတွင်း  စားကျက်ကွင်းစောင့်ကြည့်သူတွေက ကြိုးဝိုင်းထဲက အနီအောက်ရောင်ခြည် ကင်မရာတွေဆီကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ အဲဒီမှာမှတ်တမ်းတင်ခဲ့တာတွေကို ပြန်ကြည့်ရင်း သူတို့ဟာ တန်ဖိုးရှိလှတဲ့ ဒီမှတ်တမ်းဗွီဒီယိုပုံရိပ်တွေကို တွေ့ရှိခဲ့တာပါ။

ပန်ဒါဝက်ဝံနှစ်ကောင်ရဲ့ အဲဒီပုံရိပ်တွေကို ယခုနှစ် မေလ (၃၀)ရက်နေ့ ည၇နာရီခန့်မှာ မှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ မိခင်ပန်ဒါမကြီးဟာ သစ်ပင်တစ်ပင်ပေါ်တက်ပြီး နှာရှုပ်ကြည့်တာ၊ခေါင်းနှင့် ခွေ့တာ၊ပြီးတော့ ပင်စည်ကို လည်ပင်းနှင့်ခွေ့တာတွေကို မြင်ကြရတာ။ အဲဒီနောက် သစ်ပင်ခြေရင်းမှာ ကျင်ငယ်စွန့်ပြီး သူမရဲ့ ပိုင်နက်ကို မှတ်သားပါတယ်။ မြင်ကွင်းကနေ ထွက်မသွာခင် သူမဟာ အပင်ကို ခဏတာမျှ ပျင်းရိစွာ မှီပြီးနေလိုက်ပါသေးတယ်။

ပန်ဒါကလေးကတော့ သူ့မိခင် မြင်ကွင်းကပျောက်သွားတာတောင်မှ စားဖို့ပဲ အလုပ်ရှုပ်တာပါ။  

ဒီပန်ဒါဝက်ဝံတွေဟာ တစ်ကိုယ်တည်းနေလေ့ရှိကြပြီး ဒီလို ကလေးငယ်တွေနှင့် အတူသွားလာတာ မြင်ရခဲတယ်လို့ ကြိုးဝိုင်းအရာရှိတွေက ပြောပါတယ်။

ချန်ချင်း အမျိုးသားသဘာဝကြိုးဝိုင်းဟာ ချင်လင်းတောင်တန်းတွေအလယ် တောင်ဘက်ကုန်းလျောမှာ တည်ရှိပြီး ပန်ဒါဝက်ဝံကြီးတွေရဲ့ စားကျက်အတွက် ဟက်တာ သုံးသောင်းနီးပါး ကျယ်ဝန်းတဲ့ ဧရိယာရှိပါတယ်။

ယခုစတုတ္ထအကြိမ်မြောက် ကွင်းဆင်းလေ့လာမှုအရေ ကြိုးဝိုင်းထဲမှာ ပန်ဒါဝက်ဝံရိုင်းတွေရဲ့ အရေအတွက်ဟာ ၆၇ ကောင်အထိရှိလာပြီလို့သိရပါတယ်။

Source CCTV+

#Giant_pandas

#Changqing_National_Nature_Reserve

#China_Pandas