Published 23 October 2022

ရှီကျင့်ဖျင်ဟာ  တနင်္ဂနွေနေ့ အောက်တိုဘာ ၂၃ ရက်မှာကျင်းပတဲ့ (၂၀)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ   ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပါတယ်။   

ရှီက သဘာပတိအဖြစ်ဆောင်ရွက်တဲ့ အဆိုပါ အစည်းအဝေးကို ဗဟိုကော်မတီဝင် (၂၀၃)ဦးနှင့် အလှည့်ကျကော်မတီဝင် ၁၆၈ ဦး တက်ရောက်ခဲ့ကြပါတယ်။

ရှီကျင့်ဖျင်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း အစည်းအဝေးက ရွေးချယ်ခဲ့ကြပါတယ်။

ဗဟိုကော်မတီ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင်တွေအဖြစ် ရှီကျင့်ဖျင်၊ လီချန်း၊ကျောက်လဲကျီး၊ ဝမ်ဟူနင်း၊ ချိုင်းချီ၊ဒင်၊တင်ရွှဲရှန်းနှင့် လီရှီ တို့ ဖြစ်ကြပါတယ်။

အဲဒီအပြင် ပေါလစ်ဗျူရိုနှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ပေးခဲ့ပါပြီး ဗဟိုကော်မတီအတွင်းရေးမှူးများအဖွဲ့ဝင်တွေကိုလည်း ရွေးချယ်တင်မြှောက်ပေးခဲ့ကြပါတယ်။

Source Global Times

#Xi_Jinping

#Political_Bureau

#CPC_China