Published 26 October 2022

တရုတ်နိုင်ငံဟာ ဟိုက်ဒရိုဂျင်စွမ်းအင်ဖြင့်မောင်းနှင်နိုင်တဲ့ မျှဝေသုံး စက်ဘီးတွေကို  တောင်ပိုင်း ကွမ်တုံပြည်နယ် မြို့ တစ်မြို့မှာ စတင်အသုံးပြုနေပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ဟိုက်ဒရိုဂျင်ထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ဒေသအစိုးရတွေနှင့် ကုမ္ပဏီတွေက နိုင်ငံရဲ့ အစိမ်းရောင်စီးပွားရေးပြောင်းလဲဖို့ လုပ်ပိုင်ခွင့်ပေးနေတဲ့ ထွန်းသစ်စအခွင့်အလမ်းတွေကို ရယူပြီး ဖွံ့ဖြိုးစ ဟိုက်ဒရိုဂျင်စွမ်းအင်စက်မှုလုပ်ငန်းကို တိုးတက်အောင်‌ ဆောင်ရွက်နေကြတာကို တွေ့မြင်ကြရပါတယ်။

အဲဒီအထဲမှာ ကွမ်တုံပြည်နယ်ရဲ့ တောင်ပိုင်း ဖိုရှန်မြို့ကလေးဟာ အဲဒီစက်မှုလုပ်ငန်းမှာ ထိပ်ဆုံးကပြေးနေတဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဖိုရှန်ရဲ့ တန်ဇောင်းမြို့ကလေးမှာ ဟိုက်ဒရိုစက်ဘီးတွေဟာ မျှဝေသုံးစက်ဘီးတွေအဖြစ် လမ်းတွေပေါ်မှာ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လေထုတ်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့ ယာဉ်အဖြစ် စီးနင်းနေကြပါတယ်။

“ ဒီအတွင်းထဲမှာ ဟိုက်ဒရိုဂျင်ဗူးကလေးရှိတယ်။ အဲဒီကနေ ဟိုက်ဒရိုဂျင်တွေထုတ်ပေးပြီး ပါဝါဘောက်စ်ထဲ ရောက်သွားတယ်။ ပါဝါဘောက်စ်ကနေ  လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးပြီး မော်တာကိုမောင်းနှင်ပေးတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးဟာ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှု သုညပါ” လို့ ဟိုက်ဒရိုဂျင်စက်ဘီးတွေ ထုတ်လုပ်တဲ့ ပုလဲ ဟိုက်ဒရိုဂျင်နည်းပညာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ရှီးထောင်က ပြောပါတယ်။

မျှဝေသုံး ဟိုက်ဒရိုဂျင်စက်ဘီးတွေတည်ဆောက်ဖို့ လိုအပ်တဲ့ နည်းပညာက ပင်မအခက်အခဲကြီးမဟုတ်ပါဘူး။ ရှီရဲ့ရည်မှန်းချက်က ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုကို အပေးအယူလုပ်စရာမလိုတဲ့ ဈေးနှုန်းသက်သာတဲ့ စက်ဘီးတွေ ထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်။

“ ဒီလိုစက်ဘီးမျိုးလုပ်ရတာ ကျွန်တော်တို့အတွက် အခက်အခဲမရှိပါဘူး။ ဒါပေမယ့် ဒါပေမယ့် ဈေးကွက်ကလက်ခံတဲ့ စက်ဘီးတွေကို ကျွန်တော်တို့ထုတ်လုပ်လိုပါတယ်။ဆိုလိုတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖြစ်စေပြီး ဈေးနှုန်း သက်သာတဲ့ စက်ဘီးမျိုးဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

တန်ဇောင်းမြို့ကလေးမှာ ဟိုက်ဒရိုဂျင် စွမ်းအင်စက်မှုလုပ်ငန်းတွေ သီးသန့်ဆောင်ရွက်ဖို့အတွက် ၄၈ စတုရန်းကီလိုမီတာ ဧရိယာတစ်ခုသတ်မှတ်ပေးထားပါတယ်။

အဲဒီနေရာကို ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားလို့ အမည်ပေးထားပြီး အဲဒီနေရာဟာ စက်ဘီး နှင့်ရင်းနှီးကျွမ်းဝင်တဲ့ ဇုန် ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီလီကွန်တောင်ကြားတစ်ခု ဖြစ်လာစေဖို့ မျှော်မှန်း ထားပါတယ်။ အဲဒီနေရာမှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လမ်းတံမြက်လှည်းကား၊ ဟိုက်ဒရိုဂျင်ငွေ့ရည်ဖြည့် စတေရှင်တွေနှင့် မျှဝေသုံးစက်ဘီးတွေကို နေရာအနှံ့တွေ့ကြရပါတယ်။

ယခုထက်ထိ ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားမှာ ဟိုက်ဒရိုဂျင်နှင့်ဆက်စပ်တဲ့ အဖွဲ့အစည်းပေါင်း ၄၀ကျော်က ဟိုက်ဒရိုဂျင်ဆက်စပ် ပစ္စည်းတွေထုတ်လုပ်နေကြပြီး အဲဒီနယ်ပယ်ကို သိပ္ပံသုတေသနလုပ်ငန်းတွေလည်း လုပ်ဆောင်နေကြပါတယ်။

“ လက်ရှိမှာ ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားဟာ ဟိုက်ဒရိုဂျင်စွမ်းအင် စက်မှုလုပ်ငန်းကွင်းစက်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးစုစည်းထားတာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီနေရာကို ဟိုက်ဒရိုဂျင်စွမ်းအင်အတွက် သရုပ်ပြဇုန်တစ်ခုအဖြစ်နှင့်ရော၊  အဆင့်မြင့် စက်မှုလုပ်ငန်းပေါင်းစုအခြေစိုက်နေရာတစ်ခုအဖြစ်နှင့်ပါ တည်ဆောက်ဖို့ဖြစ်ပါတယ်” လို့ တန်ဇောင်းမြို့ရဲ့ ဒုတိယမြို့တော်ဝန် လီကျုန်းရှန်းက ပြောပါတယ်။

Source: CCTV+

 

#Hydrogen_Bike

#China_ Guangdong

#Xianhu_Hydrogen_Valley