၃၀ နိုဝင်ဘာ ၂၀၂၃

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ရှေ့သို့တက်လှမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံအားပေးပြီး တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်တဲ့ မည်သည့်လုပ်ဆောင်မှုတွေဖြစ်စေ အသေအချာ ကျရှုံးလိမ့်မယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကဘေဂျင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ပင်က ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်ပတ်သက်လို့ မေးခွန်းများမေးမြန်းမှုအပေါ် ဝမ်ကဖြေကြားခဲ့တာပါ။

“ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေဖြစ်ကြပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံခိုင်မြဲမှုကို အမြဲလေးစားပါတယ်။  မြန်မာနိုင်ငံအနေနှင့် တည်ငြိမ်မှုနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတွေကို ရယူခံစားနိုင်ဖို့ လှိုက်လှိုက်လှဲလှဲဆန္ဒပြုပါတယ်။ပြီးတော့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတိုးတက်ဖို့ လည်း ခိုင်မာစွာထောက်ခံအားပေးပါတယ်။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပေါက်ဖော်ချစ်ကြည်ရေးကို ဖဲကြဉ် အောင် ပြီးတော့ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အဟန့်အတားဖြစ်အောင်ဆောင်ရွက်တဲ့ မည်သည့် လုပ်ဆောင်မှုမျိုး မဆို ရေပန်းစားမှာမဟုတ်တဲ့အပြင် အဆုံးမှာ ကျရှုံးသွားမှာပဲဖြစ်တယ်Ó လို့ ဝမ်ကပြောကြားခဲ့ပါတယ်။

Source CCTV_