Published 4 May 2023

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်သည် မေ ၃ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လည့်ပတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ခုနှစ်ငလျင်ကြောင့်ပျက်စီးခဲ့ရပြီး တရုတ်ပညာရှင်များက ရှေးမူမပျက်ပြန်လည်မွမ်းမံပေးနေတဲ့ ပုဂံက သဗ္ဗညုဘုရားကို မစ္စတာချင်းကန်က သွားရောက်ဖူးမျှော်ခဲ့ပါတယ်။

သက္ကရာဇ် ၁၁၄၄ခုနှစ်ကတည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညုဘုရားဟာ  ဉာဏ်တော် ၆၆မီတာမြင့်ပြီး ပုဂံရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသမှာ အမြင့်မားဆုံးစေတီတော်တစ်ဆူဖြစ်ပါတယ်။ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ဘုရားဆင်းတုတော်၊စေတီတော်၊ဘုန်းတော်ကြီးကျောင်းတွေနှင့် အခြားသော ဗုဒ္ဓဘာသာအဆောက်အဦပေါင်း ၃၀၀၀ကျော်ရှိတယ်လို့ စီစီတီဗွီက သတင်းမှာဖော်ပြထားပါတယ်။

၂၀၁၉ခုနှစ်ဧပြီလမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီပြည်နယ်က ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ စေတီတော်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြုပြင်မွမ်းမံတို့လုပ်ငန်းမှာ ပါဝင်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဟာ ပုဂံက ချူအင်လိုင်းတန်ဆောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီတန်ဆောင်းမှာ တရုတ်ဝန်ကြီးချုပ်ဟောင်းချူအင်လိုင်းရဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်ပုံတွေနှင့်ပစ္စည်းတွေကို ပြသထားတာကို မစ္စတာချင်က လေ့လာခဲ့ပြီး တရုတ်မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး သမိုင်းမှတ်တမ်းတွေကို ထိတွေ့ခံစားခဲ့တယ်လို့သတင်းကဆို ပါတယ်။

၁၉၆၁ခုနှစ်မှာ တရုတ်ဝန်ကြီးချုပ်ချုအင်လိုင်းဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုဂံကိုသွားရောက်လည်ပတ်ကာ လှူဒါန်း မှုတွေပြလုပ်ခဲ့ပါတယ်။ အဲဒီလှူဒါန်းမှုရဲ့အစိတ်အပိုင်းအဖြစ် စေတီတော်ဘေးမှာ ချူအင်လိုင်းတန်ဆောင်းတစ်ခုကို တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Source. CCTV+

 

#တရုတ်နိုင်ငံခြားရေးဝန်ကြီးQin Gang

#တရုတ်-မြန်မာဆက်ဆံရေး

#YangonMediaGroup