#Local_News
Published_ 6 January 2023

၂၀၂၂ ခုနှစ်တစ်နှစ်တာအတွင်း တရုတ်နိုင်ငံရွှေလီမြို့ လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်မှ ကုန်တန်ချိန် (၆)သိန်း(၈) သောင်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ(၃၀)ရက်အထိ စုစုပေါင်းပြည်ဝင်ပြည်ထွက်သောယာဉ်အစီးရေသည် စုစုပေါင်း (၁၄၇၄၃ )စီးရှိပြီး ကုန်တင်ပို့မှုပမာဏတန်ချိန် (၆၈၈,၀၀၀)ကုန်ပစ္စည်းတန်ဖိုးအားဖြင့် တရုတ်ယွမ်ငွေ (၂.၁၈)ဘီလီယံရှိခဲ့သည် ဟုဆိုသည်၊၊

 

တရုတ်နိုင်ငံသို့ ပြည်ဝင်သည့်ကုန်ပစ္စည်းများသည် အဓိကအားဖြင့် သတ္ထုတွင်းထွက်ပစ္စည်း၊ စိုက်ပျိုးဘေးထွက်ကုန်နှင့် အသားငါးကုန်ပစ္စည်းများဖြစ်ကာ တရုတ်နိုင်ငံမှတင်ပို့သည့်ကုန်ပစ္စည်းများမှာ ကုန်စုံပစ္စည်း၊ နေ့စဉ်သုံးပစ္စည်း၊ စက်ပစ္စည်းတွဲဖက်ပစ္စည်းနှင့် ဓာတ်မြေသြဇာ စသည်တို့ဖြစ်သည်ဟု ဖော်ပြထားသည်၊၊

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ကုန်ပစ္စည်းတင်ပိုမှု ပြန်လည်ဖွင့်လှစ်လာကတည်းက လွယ်ဂျယ် -လိုင်းရင်းနယ်စပ်ဂိတ်သည် ကိုဗစ်ကာကွယ်ရေး အတွက်လူနှင့်ကုန်ပစ္စည်းခွဲခြားခြင်း၊ အပိုင်းခွဲ၍ ပို့ဆောင်ခြင်း၊ အလုံပိတ်စီမံခြင်းဟူသည့် မူဝါဒကို စွဲမြဲစွာကိုင်စွဲ၍ အထိအတွေ့မရှိသော ချိတ်ဆွဲပြောင်းရွှေ့ခြင်းကို အဓိကထားကာအပိုင်းခွဲ၍ ပို့ဆောင်ခြင်းဖြင့် အထောက်အကူပြုသည့် နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းပို့ဆောင်မှုပုံစံကို အသုံးပြုခဲ့သည်ဟု ဆိုသည်၊၊

 

“ငှက်ပျောသီး ပြည်ဝင်သီးသန့်လမ်းကြောင်း” “အစားထိုးစိုက်ပျိုးမှုပစ္စည်း ပြန်လည်တင်ပို့ရောင်းချခြင်း ပြည်ဝင်အမြန်လမ်းကြောင်း” စသည့် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများကို တက်တက်ကြွကြွဖော်ဆောင်ကာ နယ်စပ်ဂိတ်ကုန်ပစ္စည်းတင်ပို့မှုကို အပြည့်အဝအာမခံပေး၍ နယ်စပ်ဂိတ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ လုံခြုံစွာ စီမံထိန်းချုပ်မှုနှင့် ကုန်ပစ္စည်းနယ်စပ်ဂိတ်ဖြတ်သန်းမှု ထိရောက်ခြင်းတို့အား တစ်ပြေးညီမြှင့်တင်တိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group