#Local_News
Published_ 6 January 2023

 

အကျဉ်းထောင်အတွင်းရှိ တီဘီလူနာ၊ HIV လူနာများအသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိသူများကို ရှာဖွေဆေးကုသပေးနေပြီး ဆီးချို၊သွေးတိုးလူနာများအတွက်လည်း လိုအပ်သောဆေးဝါးများပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊

 

ယင်းကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရ သိရခြင်းဖြစ်သည်၊၊

 

ပြည်ထောင်စုဝန်ကြီးက အချုပ်ထောင်များနှင့်အကျဉ်းထောင်များတွင်ရှိသည့်အကျဉ်းသားများအတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ အကျဉ်းထောင်များတွင် မကူးစက်စေသည့်ရောဂါများဖြစ်သော ဆီးချို သွေးတိုးရောဂါဖြစ်နေသူများအတွက် ဆေးနှင့်ဆေးပစ္စည်းများမပြတ်လတ်အောင် စီစဉ်ထားရှိပေးရန်လိုအပ်ကြောင်း၊ အကျဉ်းထောင်အတွင်း တီဘီလူနာများကို စောင့်ရှောက်နိုင်ရန် အင်းစိန်အကျဉ်းထောင်တွင် တီဘီလူနာဆောင်ဖွင့်ထားကြောင်း၊ အလားတူ အခြားအကျဉ်းထောင်များ၏ အဝင်ဝတွင် တီဘီ HIV ရောဂါ ရှာဖွေကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်၊၊

 

ဆက်လက်၍ အကျဉ်းထောင်နှင့်အလုပ်စခန်းများသို့ Mobile Teamနဲ့သွားပြီးတီဘီလူနာရှာဖွေခြင်းလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိကြောင်း၊ထောင်အဝင်ကျန်းမာရေးစစ်ဆေးခြင်း၌ HIV ပိုးရှိမရှိ၊ တီဘီရှိမရှိစစ်ဆေးခြင်းအပြင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိမရှိကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အကျဉ်းထောင်များတွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်းကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောခဲ့သည်၊၊

 

#ymg/tthl
#Yangon_Media_Group