#LocalNews
Published_ 1st January 2023

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင် ၊ မြိတ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ဒသမ ၅ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်ရာတွင် ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်က အဆိုပါမီးလောင်မှုဖြစ်ပွားနေသည်ကို ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

 

မီးလောင်သော ငါးဖမ်းလှေမှာ သုခမောင်(၇)ငါးဖမ်းဝါးလတ်လှေဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် အရပ်ဘက်ရေယာဉ်များနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း၊လှေပေါ်ပါ လှေသား ၃ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ယခုအခါ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group