#Local_News
Published_ 31 December 2022

 

အုန်းခိုင်ကြွေကျ၍ ဦးခေါင်းထိခိုက်ခဲ့သော ၂ နှစ်အရွယ်ကလေးငယ်အား ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူရန် ထွက်ခွာလာပြီဖြစ်ကြောင်း ဒေသအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဉီးက YMG သို့ ‌ပြောသည်။

 

"ဒီနေ့ မနက်ပိုင်းမှာ ဘားအံပြည်သူ့ဆေးရုံကနေ ရန်ကုန်ကိုလွှဲပြောင်းတဲ့အတွက် သွားရမှာပါ။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က လိုက်ပို့ပေးမှာပါ"ဟု ဆိုသည်။

 

အဆိုပါ ကလေးငယ်သည် ယမန့်နေ နံနက်ပိုင်းက ကော့ကရိတ်ပြည်သူ့ဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရာ သက်သာလာသည့်အခြေအနေရှိသော်လည်း ကလေးငယ် ဦးခေါင်းခွံတွင် ထိခိုက်ဒဏ်ရာရထားခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသေးကြောင်း သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်ကကရင်ပြည်နယ်၊ ကော့က‌ရိတ်မြို့နယ် ဝင်းကြီး ဗလီအရှေ့ဘက်အခြမ်းတွင် နေထိုင်သည့် အဆိုပါကလေးငယ်မှာ နေအိမ်အုန်းပင်အောက်ဆော့ကစားနေစဉ် အုန်းသီးအစိမ်းအခိူင်လိုက်ပြုတ်ကျခဲ့ရာမှ ကလေးငယ်ဦးခေါင်းအား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။

 

#ymg/myn
#Yangon_Media_Group