#Local_News
Published_ 31 December 2022

 

နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)ကိုဒီဇင်ဘာလ(၃၁) ရက်ညပိုင်းတွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါနှစ်သစ်ကို ကြိုဆိုသည့်ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) ပွဲများကို နေပြည်တော်တွင် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်တွင် ပြည်သူ့ရင်ပြင်၌လည်းကောင်း၊မန္တလေးတွင် မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊

 

ယင်းဂီတဖျော်ဖြေပွဲများတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး နှစ်သစ်ကူးချိန်ည(၁၂)နာရီအချိန်တွင် နှစ်သစ်ကူးပြောင်းရန် အချိန်ရေတွက်ကြေညာခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းကို LED မှ အစားထိုးဖွင့်လှစ်ပြသခြင်း၊ ဆိုင်ခန်းများရောင်းချခြင်းများ ဆောင်ရွက်ကြမည်ဖြစ်သည်၊၊

 

ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး နေပြည်တော်ရေပန်းဥယျာဉ်တွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV farmer Channelတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV Sport တွင် လည်းကောင်း၊မန္တလေးမန္တလာသီရိအားကစားကွင်းတွင် MRTV Parliament channel တွင် လည်းကောင်း ပြသမည်ဖြစ်ပြီး ည(၈)နာရီသတင်းအပြီးတွင် MRTV ရုပ်သံလိုင်းမှ ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group