#Local_News
Published_ 31 December 2022

 

ဒေါ်လာလဲလှယ်နှုန်း ပြောင်းလဲရန်နှင့် ငွေစက္ကူအသစ်ထုတ်ဝေမှု အစီအစဉ်တို့မရှိကြောင်း ဗဟိုဘဏ်က ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရည်ညွှန်းငွေလဲလှယ်နှုန်းမှာ မြန်မာငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး ယင်းကိုပြောင်းလဲရန် မရှိကြောင်းနှင့် မည်သည့်ငွေစက္ကူအမျိုးစားကိုမျှ အသစ်ထုတ်ဝေရန် လည်း အစီအစဉ်
မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

 

မသမာသူများအနေဖြင့် လက်ရှိ ငွေလဲနှုန်းရည်ညွှန်းဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို ထပ်မံတိုးမြှင့်သွားမည်ဟူ၍ လီဆယ်သည့် သတင်းများကို လူမှုကွန်ရက်များတွင် ရေးသားထုတ်လွှင့်လျက် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်ကို ကိုင်လှုပ်နေကြခြင်းအပေါ် ဗဟိုဘဏ်က မဟုတ်ကြောင်း ထုတ်ပြန်ရခြင်းလည်း ဖြစ်သည်။

 

အများပြည်သူအနေဖြင့် လက်ရှိငွေလဲနှုန်းရည်ညွှန်းဈေး ထပ်မံတိုးမြှင့်သွားမည်ဆိုသည့် သတင်းများကို တွေ့ရှိပါက ယင်းအပေါ် ကောလာဟလ အဖြစ်သာ သတ်မှတ်ကြရန်လိုအပ်ကြောင်းလည်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။

 

#ymg/mt
#Yangon_Media_Group