#Local_News
Published_ 31 December 2022

 

မြန်မာအလုပ်သမား (၆၀၀)ကျော်ကို ဂျပန်ကုမ္ပဏီ ၂၂၀ ကျော်က ခေါ်ယူရန် ရှိနေကြောင်း တိုကျိုမြို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို စနစ်တကျ စစ်ဆေးမှုများပြုလုပ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ စနစ်တကျ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိရာတွင် ဒီဇင်ဘာလ (၁၆) ရက်မှ ဒီဇင်ဘာလ (၃၀) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ( ၂၂၄) ခု ရှိကြောင်း၊ယင်း ထုတ်ပြန်ချက်အရ ခေါ်ယူမည့် အရေအတွက်မှာ မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၃၀၀)ကျော် ရှိကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group