Published 7 October 2021

 

မြန်မာနိုင်ငံရဲ့ ပထမဆုံးကမ်းခြေစောင့်တပ်ကို အောက်တိုဘာ ၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။

 

ကမ်းခြေစောင့်တပ်အတွက် တပ်မတော်(ရေ)က ယင်းရဲ့ရေယာဉ်လေးစီးကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။

 

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့စည်းတည်ထောင်ခြင်းနှင့် တပ်တော်ဝင်အခမ်အနားကို အောက်တိုဘာ ၆ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတားမှာ ကျင်းပခဲ့တာဖြစ်ပြီး နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။

 

ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချူပ်မှူးက ကမ်းခြေစောင့်တပ်ညွှန်ကြားရေးမှူးချုပ်ထံ အဲဒီရေယာဉ်တွေနှင့်ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ကလည်း ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံကို စာရွက်စာတမ်းတွေထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

 

အဲဒီနောက် ကမ်းခြေစောင့်တပ်ဖွဲ့စည်းမိန့်နှင့် ရေယာဉ်တွေကို ကမ်းခြေစောင့်တပ်ဖွဲ့ တပ်တော်ဝင်ရေယာဉ်တွေအဖြစ်  စစ်ဦးစီးအရာရှိချုပ်(ရေ)က ကြေညာခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ ကျယ်ဝန်းတဲ့ ပိုင်နက်ပင်လယ်ပြင်ရှိပြီး ရှည်လျားတဲ့ ကမ်းရိုးတန်းတွေလည်းပိုင်ဆိုင်တယ်၊ အဲဒီအပြင် အချက်အချာရေလမ်းကြောင်းများ၊ဒီရေလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်တဲ့ Choke Point တည်ရှိလို့ မြန်မာ့ပင်လယ်ပြင်ဟာ အိန္ဒိယသမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာအကြား မဟာဗျူဟာကျကျတည်ရှိနေတယ်လို့ ဗိုလ်ချူပ်မှူးကြီး က ကမ်းခြေစောင့်တပ်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်လို့ရှင်းလင်းပြောကြားရာမှာ အလေးပေးပြောကြားခဲ့ပါတယ်။

 

ကမ်းခြေစောင့်တပ်ရဲ့ တာဝန်တွေထဲမှာ  ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းနှင့်ရေနက်ဆိပ်ကမ်းတွေဘေးကင်းလုံခြုံရေးတို့အတွက်ဆောင်ရွက်ရန်လည်း

ပါရှိတယ်လို့ ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြထားပါတယ်။