#Local_News
Published_ 30 December 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဝင်းကြီး ဗလီအရှေ့ဘက်အခြမ်းတွင် နေထိုင်သည့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက နေအိမ်အုန်းပင်အောက်၌ ကစားနေစဉ် အုန်းသီးအစိမ်းအခိုင်လိုက်ကြွေကျခဲ့ရာ ဦးခေါင်းကိုထိ၍ ဆေးကုသမှုခံယူနေရကြောင်း ယင်းဒေသအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

 

လက်ရှိတွင် ကလေးငယ်အား ကော့ကရိတ်ပြည်သူဆေးရုံကြီးမှ တဆင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်သဖြင့် ပုလဲဖြူလူမှုကူညီရေးအဖွဲ့က အခမဲ့လိုက်ပါ ပို့ဆောင်လျက်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

 

ကလေးငယ်နှင့် ပတ်သက်သည့်‌နောက်ဆက်တွဲ ဆေးဝါးကုသမှု အခြေအနေအား YMG မှ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

 

#ymg/myn
#Yangon_Media_Group