#Local_News
Published_30 December 2022

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေနှင့် စီးပွားရေးအဆင်မပြေမှုတွေကြောင့် တစ်လလျှင် မြန်မာနိုင်ငံသား လေးသောင်ဝန်းကျင်ခန့်သည် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ IOM က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး မြန်မာနိုင်ငံသား လေးသောင်းဝန်းကျင်ခန့်သည် လစဉ် ပြည်ပသို့ ထွက်ခွာနေကြပြီး အများစုသည် ထိုင်းနိုင်ငံကို သွားရောက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ပြီး ဖော်ပြထားသည့်စာရင်းများအရ မြန်မာနိုင်ငံပြောင်းရွှေ့လုပ်သားပေါင်း ၃ ဒသမ ၇ သန်းရှိကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းလုပ်သားများထဲမှ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်းအပြင် နိုင်ငံတကာအဖွဲ့(IOM )၏ ဖော်ပြထားသည့် စစ်တမ်းများအရ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံတွင်းပြန်ပို့ငွေသည် ၂ ဒသမ ၈ ဘီလီယံရှိပြီး ယင်းသည် မြန်မာနိုင်ငံ၏ GDP ၄ ရာခိုင်နှုန်းရှိကြောင်းဖော်ပြထားသည်။

 

#ymg/sth
#Yangon_Media_Group