#Local_News
Published _ 30 December 2022

 

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်အမှုများအတွက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက် နှင့် ရက် ၂၀ တို့တွင် သက်သေများ အားလုံးစစ်ဆေးပြီး ဖြစ်သောကြောင့်ဒီဇင်ဘာလ ၂၆ ရက်က အပြီးသတ်လျှောက်လဲချက်ပေးခဲခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်တွင် အမိန့်ချရန် တရားရုံးက ရုံးချိန်းပေးထားခဲ့ခြင်းလည်း ဖြစ်သည်။

 

အမှု နံပါတ် ၄၆၊၄၇၊၄၈၊၅၀ တို့အတွက် ၃ နှစ်စီ တစ်ပေါင်းတည်း ကျခံရန်နှင့် အမှု အမှတ် ၄၉ အတွက် ၄ နှစ် စုစုပေါင်း ၇ နှစ် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူကပြောသည်။

 

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တိုဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 

ယနေ့ ချမျတ်သော ပြစ်ဒဏ် ၇ နှစ်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ဖြစ်ပြီး ဦးဝင်းမြင့် အနေဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group