#Local_News
Published_ 29 December 2022

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကို ထုတ်ပြန်ကြေညာထားသည်။

 

လာမည့်မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းသုံးသိန်းကျော် ဝင်ရောက်ဖြေဆိုရန်ရှိနေကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group